K pop

■ ဘာကြောင့် ဒီနေရာအထိ BTS ရောက်လာသလဲဆိုတာကို Jimin ဖွင့်ဟ

— BTS အဖွဲ့ဝင် Jimin က BTS‘s Break The Silence Episode 2: You Can Call Me Idol မှာ အဖွဲ့ရဲ့ အဓိကအောင်မြင်မှုသော့ချက်ဖြစ်တဲ့ စည်းလုံးမှုရဲ့နောက်ကွယ်က အကြောင်းတရားကို ပြော ပြခဲ့ပါတယ်။

BTS အဖွဲ့ကို ပရိသတ်တွေနဲ့ ကမ္ဘာ့မီဒီယာအသီးသီးက ‘Teamwork makes the dream work’ ဆိုတဲ့ ဆောင်ပုဒ်ကို ဖော်ညွှန်းတဲ့ K-pop အဖွဲ့တစ်ဖွဲ့လို့ ချီးကျူးကြတာဖြစ်ပါတယ်။ BTS အဖွဲ့ဝင် တွေရဲ့ စည်းလုံးမှုနဲ့ နှစ်ပေါင်းများစွာချစ်ခင်မှု နောက်ကွယ်က သော့ချက်ကို ပရိသတ်အားလုံးက သိချင်ခဲ့ကြပါတယ်။

အဲဒီအကြောင်းကို Jimin က “ ကျွန်တော်တို့အားလုံးဟာ ပုဂ္ဂိုလ်ရေးတွေမတူကြပါဘူး။ ပြီးတော့ အသေးအမွှားလေးတွေကအစ ကွဲပြားမှုတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီအတားအဆီးတွေအား လုံးကို ကျွန်တော်တို့ ကျော်လွှားနိုင်ပြီး စည်းလုံးပေါင်းစည်းနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်စေဖို့ ကျွန်တော်တို့ အားလုံးရဲ့ တူညီတဲ့အရာတစ်ခုတော့ ပန်းတိုင်ရည်မှန်းချက်ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားနိုင်ငံတော်အလံကို Music နဲ့ ကမ္ဘာ့အလယ်ပွဲလယ်တင့်စေ တဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page