K pop

■ 2020 KBS Drama Awards ဆုလက်ခံစကားရှည်လို့ ဝေဖန်ခံရတာကို ရှင်းတဲ့ Nana ထပ်မံဝေဖန်ခံရ

— – – ဆုလက်ခံစကားရှည်လို့ K Netizen တွေဆီမှာ ဝေဖန်ခံခဲ့ရတဲ့ Nana က အဲဒါနဲ့ပတ်သက်လို့ …

After School အဖွဲ့ဝင်တစ်ဦးသလို၊ သရုပ်ဆောင်လောကမှာ အောင်မြင်တဲ့ မင်းသမီးအဖြစ် ရပ်တည်နေတဲ့ Nana ဟာ 2020 KBS Drama Awards မှာ Memorials ဇာတ်လမ်းတွဲနဲ့ Excellence Award ဆုကို ရရှိခဲ့ပါတယ်။

Nana ဟာ အဲဒီဆုကို လက်ခံရယူပြီး ဆုလက်ခံစကားပြောချိန်မှာ (၅)မိနစ်ကျော်ကြာမြင့်ခဲ့တာကြောင့် K Netizen တွေက သူမကို ဝေဖန်ခဲ့ကြပြီး စီနီယာတွေကို လေးစားမှုကင်းမဲ့သူဆိုတဲ့အထိ ပြင်းထန်တဲ့ ဝေဖန်ချက်တွေ ပါဝင်ခဲ့တာပါ။

အခုတော့ အဲဒီပွဲ သူမရဲ့ ဆုလက်ခံစကားနဲ့ပတ်သက်ပြီး Nana က သူမရဲ့ Instagram မှာ ပို့စ်တစ်ခုတင်ပြီး အကြောင်းစုံကို ရှင်းပြခဲ့ပါတယ်။

“ဒီလို တန်ဖိုးရှိတဲ့ဆုကို မရဖူးသူတွေက သိမှာမဟုတ်ပါဘူး။ ကျွန်မ ကျေးဇူးတင်စကား ပြောရမှာ တစ်ယောက်ကိုမှ မကျန်စေချင်တာကြောင့် အရမ်းဂရုစိုက်ခဲ့ပါတယ်။ ဆုလက်ခံစကားပြောတဲ့အခါမှာ ရိုးရိုးရှင်းရှင်းနဲ့ သွေးအေးရမယ်ဆိုပြီး ရှိပါသလား။ ကျွန်မ စကားပြောတာ မကျွမ်းကျင်ပါဘူး။ ပြီးတော့ သူများတွေ ဆုလက်ခံစကားပြောတာကိုလည်း မမှတ်သားဖူးပါဘူး။ သူများရဲ့ ပျော်စရာအခိုက်အတန့်မှာ လူတွေ မုဒီတာပွားမျိုးရှိဖို့ ကျွန်မ မျှော်လင့်ပါတယ်”ဆိုပြီး Nana က ရေးသားခဲ့တာပါ။

Nana ရှင်းမှာ ပိုရှုပ်သွားခဲ့ပြီး “နင် ဆုရတာကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ သူများကို လေးစားမှု ရှိမှာပေါ့” “နင် ဝါရင့် ဖြစ်လာတဲ့အခါ နားလည်လိမ့်မယ်” “နင်စီနီယာတောင် နင့်ကြောင့် ဆုလက်ခံစကား တိုတိုပဲ ပြောတယ်။ နင် စိတ်ဓာတ် ရင့်ကျက်လာဖို့ မျှော်လင့်ပါတယ်” စတဲ့ မှတ်ချက်ပေါင်းများကို ရေးသားခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page