K pop

■ Lee Soo Man ပေးခဲ့တဲ့ ဒီအရာကြောင့် EXO-L တွေ အနားမှာ ရှိနေနိုင်တာပါဆိုတဲ့ Baekhyun

— – – Baekhyun ကို SM တည်ထောင်သူ Lee Soo Man ပေးခဲ့တဲ့အရာကတော့ …

EXO အဖွဲ့ဝင် Baekhyun ဟာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ပြုလုပ်ခဲ့တဲ့ “Beyond LIVE – BAEKHYUN : LIGHT” မှာ သူတို့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ EXO-L တွေအနားမှာ အမြဲရှိနေနိုင်တာ Lee Soo Man ပေးခဲ့တဲ့အရာတစ်ခုကြောင့်လို့ ပြောကြားခဲ့ပါတယ်။

သူက “ခင်ဗျား(EXO-L) အနားမှာ ကျွန်တော် အမြဲရှိနေတာ Lee Soo Man ကျွန်တော့်ကို ပေးခဲ့တဲ့ Superpower of Light ကြောင့်လို့ ထင်ပါတယ်။ ခင်ဗျားတို့ အနားမှာ ကျွန်တော် အချိန်တွေ အကြာကြီး အကြာကြီး နေချင်ပါတယ်။ ကျွန်တော် ဆက်ပြီး အလုပ်တွေ ကြိုးစားသွားပါမယ်။ ဒီထက်ပိုပြီး ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်သွားပါမယ်။ ကျွန်တော့်ကို အားပေးကြပါ။ ချစ်ပေးကြပါ”လို့ ဆိုခဲ့ပါတယ်။

SM တည်ထောင်သူ Lee Soo Man ဟာ EXO အဖွဲ့ကို ပွဲထုတ်တုန်းက အဖွဲ့ဝင်တစ်ယောက်ချင်းစီကို Superpower တွေ အသီးသီးပေးခဲ့တာဖြစ်ပြီး EXO ရဲ့ အစပိုင်းနေ့ရက်တွေမှာ အဖွဲ့ဝင်တွေက သူတို့ဟာ ဘယ် Superpower ကို ပိုင်ဆိုင်ထားတယ်ဆိုကာ မိတ်ဆက်လေ့ရှိပါတယ်။

အဲဒီအချိန်တွေတုန်းက EXO အဖွဲ့ဝင်တွေဟာ ပွဲထွက်ခါစဖြစ်လို့ ခပ်ရှက်ရှက်နဲ့ သူတို့ရဲ့ Superpower တွေကို မိတ်ဆက်ခဲ့တာတွေက အရမ်းကို ချစ်စရာ ကောင်းခဲ့တာပါ။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page