K pop

■ EXO အဖွဲ့နဲ့ပတ်သက်ပြီး Baekhyun ပေးခဲ့တဲ့ သဲလွန်စ

— – – တစ်ကိုယ်တော် အွန်လိုင်း Concert မှာ EXO သီချင်းတွေ သီဆိုခဲ့ပြီးနောက် EXO-L တွေ ကြားချင်နေတဲ့ စကားကို Baekhyun က အခုလိုပဲ ပြောဆိုခဲ့တာပါ။

ဇန်နဝါရီ (၃)ရက်နေ့က EXO အဖွဲ့ဝင်၊ SuperM အဖွဲ့ခေါင်းဆောင်၊ တစ်ကိုယ်တော် အဆိုတော် Baekhyun ဟာ သူ့ရဲ့ ပထမဆုံးအွန်လိုင်း Concert ဖြစ်တဲ့ “Beyond LIVE – BAEKHYUN : LIGHT” ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

အဲဒီ Concert မှာ Baekhyun ဟာ သူ့ရဲ့တစ်ကိုယ်တော် သီချင်းပေါင်းများစွာကို ဖျော်ဖြေခဲ့သလို၊ EXO အဖွဲ့ရဲ့ “Call Me Baby” နဲ့ “Growl”၊ EXO-CBX အဖွဲ့ရဲ့ “Blooming Day” သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။

EXO သီချင်း (၃)ပုဒ်ကို ဖျော်ဖြေပြီးနောက်မှာ Baekhyun က “ဒီဖျော်ဖြေမှုက ကျွန်တော့်ကို အတိတ်ဆီ ခေါ်ဆောင်သွားသလိုပါပဲ။ EXO အဖွဲ့ဝင်တွေနဲ့အတူ သီဆိုရတဲ့ သီချင်းတွေကို တစ်ယောက်တည်း သီဆိုပြီးချိန်မှာတော့ ကျွန်တော် အသက်ရှုမ၀ ဖြစ်နေပါတယ်။ EXO သီချင်းတွေက အရမ်းခက်ပါတယ်။ ဒီသီချင်းတွေကို တစ်ယောက်တည်း သီဆိုရတာကြောင့် အဖွဲ့ဝင်တွေကို ကျွန်တော် လွမ်းမိပါတယ်။ ဒီနှစ်မှာ EXO အဖွဲ့ရဲ့ အသစ်တစ်ခုခုကို မြင်ရမယ်လို့ ထင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း သီဆိုဖို့ ခက်ပါတယ်။ EXO အဖွဲ့ဝင်တွေနဲ့အတူ သီဆိုရမှာပါ”လို့ ဆိုခဲ့ပါတယ်။

လက်ရှိ EXO အဖွဲ့မှာ စစ်မှုထမ်းနေတာ  Suho၊ Chen  ဖြစာ့ပြီး Xiumin က စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးဖြစ်သလို၊ လက်ရှိမှာ ခွင့်ရက်ရှည်ရထားတဲ့ D.O. ကလည်း ဒီလ (၂၁)ရက်မှာ တရားဝင်စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

Baekhyun ရဲ့ ပြောခဲ့တဲ့ သဲလွန်စအရဆိုရင်တော့ EXO အဖွဲ့ဟာ ဒီနှစ်ထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေနဲ့ သီချင်းသစ်ထုတ်ဖို့ ပြင်ဆင်နေတာ သေချာပါတယ်။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page