Celebrity

■ အပျိုကြီးတို့ “Ro”ချက်ကတော့ အသည်းယားစရာ

— – – Hyun Bin နဲ့ ဒိတ်နေကြောင်း အတည်ပြုပြီးနောက်မှာ အပျိုကြီးမမရဲ့ “Ro”ချက်ကတော့ …

နာမည်ကျော် ကိုရီးယားမင်းသမီး Son Ye Jin ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စားကြတဲ့ Hyun Bin နဲ့ ဒိတ်နေကြောင်း အတည်ပြုပြီးနောက်မှာ သူမရဲ့ IG မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

Crash Landing on You မှာ သရုပ်ဆောင်စဉ်ကတည်းက သူတို့ရဲ့ ဒိတ်သတင်းတွေ ထွက်ခဲ့ပေမဲ့ နှစ်ဖက်လုံးက ငြင်းခဲ့ကြပြီး ဒီနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ သူတို့ ဒိတ်နေကြောင်း နှစ်ဖက်အေဂျင်စီတွေက အတည်ပြုခဲ့တာပါ။ သူတို့ရဲ့ ဒိတ်နေကြောင်း အတည်ပြုပြီးနောက်မှာ Son Ye Jin တင်ခဲ့တဲ့ IG ပို့စ်ကတော့ …

“နှစ်သစ်ရောက်ပြီ။ အလုပ်ကြောင့်မဟုတ်ဘဲ Personal ကြောင့်ဖြစ်လို့ ပို့စ်တင်ဖို့အတွက် ကျွန်မ ဘာကြောင့် ဒီလောက်တောင် ရှက်နေရတာလဲ။ Hm… um… um..။ ဟုတ်ပါတယ်။ အဲဒီလို တစ်စုံတစ်ခု ဖြစ်ခဲ့ပါတယ်။ Haha… Um… ^^;; ကျွန်မ ဘာပြောရမှန်းလည်း မသိဘူး။ ဒါပေမဲ့ ရှင်(ပရိသတ်)တို့ကို တစ်ခုခု ပြောရမယ်လို့လည်း ခံစားနေရတယ်။

လူကောင်းတစ်ယောက်(Hyun Bin ကို ဆိုလိုခြင်းဖြစ်)နဲ့ ဆုံတွေ့ခွင့်ရလို့ ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ် ကျွန်မ ဂရုစိုက်ဖို့လည်း ကြိုးစားနေပါတယ်။ ရှင်တို့ရဲ့ အားပေးမှုတွေ အချစ်တွေကို ကျွန်မ နှလုံးသားမှာ ထာဝရသိမ်းထားပါတယ်။ နှစ်သစ်မှာ ရှင်တို့အတွက် ကောင်းတာတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျန်းမာကြပါစေ”- Son Ye Jin

၁၉၈၂ ခုနှစ် မွေးဖွားကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့မှာ Son Ye Jin က Hyun Bin ထက် (၈)လကျော်ကျော် ကြီးပါတယ်။ သူတို့ဟာ The Negotiation (၂၀၁၈)ဇာတ်ကားနဲ့ Crash Landing on You (၂၀၂၀) ဇာတ်လမ်းတွဲတွေမှာ တွဲဖက်သရုပ်ဆောင်ခဲ့တာပါ။

— ဃဲ
Ref: Son Ye Jin IG & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page