— – – Cutest Overload ဆိုတာကို ကြားဖူးတယ်။ တွေ့တော့ မတွေ့ဖူးဘူး။ Rosé ရဲ့ ဒါလေးဖြစ်မယ် ထင်တာပဲ …
ကမ္ဘာကျော် BLACKPINK အဖွဲ့ဟာ နှစ်ဆန်းတစ်ရက်နေ့က Happy New Year ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ BLACKPINK အဖွဲ့ဝင်တွေရဲ့ Natural Beauty ကို မြင်တွေ့ခဲ့ရပြီး အထူးသဖြင့် Rosé အပြုအမူလေးတွေကို Cutest Overloaded ဖြစ်ခဲ့တယ်ဆိုရင် မမှားပါဘူး။
ဒါကတော့ နှစ်သစ်ကို ကြိုဆိုရင်း Rosé တစ်ယောက် ဗိုက်ဆာလာပုံရပြီး လက်ဖျံကို လျှာနဲ့ ယက်နေပုံဖြစ်ပါတယ်။
လျှာနဲ့ ယက်ကြည့်ပြီးနောက်မှာတော့ ဟာ ငန်တယ်ဟာ ဆိုပြီး ဖြစ်သွားတဲ့ ရုပ်ကလေးပေါ့။
ဒီပုံကတော့ တစ်ဆင့်တိုးပြီး အရသာခံကြည့်လိုက်တာ နှလုံးသားထဲထိ စိမ့်သွားတဲ့ ပုံလေးပေါ့။ ဒါက Cutest Overload ဖြစ်တယ်မလား။
— ဃဲ
Ref: BBU & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***