Celebrity

■ ကိုယ့်ဆရာတွေ ဂျင်းမိသွားတဲ့ သတင်းတစ်ပုဒ်

— – – Dispatch ဆိုတာနဲ့ အလိုလိုသွေးပျက်နေပြီး နောက်က စာကို ထပ်မဖတ်နိုင်လောက်အောင် Really ဆိုတဲ့ …

နှစ်ဆန်း တစ်ရက်နေ့တိုင်းမှာ ကိုရီးယား Celeb စုံတွေကို ချပြတ်တဲ့ Dispatch ကို ကိုရီးယားချစ်ပရိသတ်တွေ ကြောက်ကြတယ်။ အထူးသဖြင့် တယုတယနဲ့ အချစ်ကြတဲ့ Idol ပရိသတ်တွေပါပဲ။

Dispatch က စုံတွဲသတင်းတွေ ဖော်ထုတ်လေ့ရှိလို့ နာမည်ကြီးသလို၊ တစ်ဖက်မှာလည်း Trollers တွေဆီမှာ လိမ့်နေအောင် ခံရပြီး ၂၀၂၀ တုန်းက သူတို့နာမည်ကို အသုံးချသူတွေကို အရေးယူမယ်လို့တောင် ထုတ်ပြန်ခဲ့ရတဲ့အထိပါပဲ။

တလောကလည်း Trollers ဟာ Running Man အဖွဲ့ဝင်တွေဖြစ်တဲ့ Kim Jong Kook နဲ့ Song Jihyo တို့ရဲ့ ဓာတ်ပုံကို ပြိုင်တင်ပြီး (BREAKING NEWS) #Dispatch Comfirmed that Kim Jong Kook (From Turbo) and Song Jihyo are Members of RUNNING MAN ဆိုပြီး ရေးတင်ခဲ့တာပါ။ အောက်က ပုံပေါ့။

ဒါကို စာကို သေချာမဖတ်ဘဲ “ဟာ တကယ်လား” “Really ?” “ဘယ်တုန်းကတည်းက ဒိတ်နေကြတာလဲ မသိဘူး” “ပျော်လိုက်တာ” “သဘောတူတယ်” စတဲ့ မှတ်ချက်ပေးသူတွေ အများကြီးပါ။ တကယ်တော့ အဲဒီမှာ ဖော်ပြထားတာက သူတို့ ဒိတ်နေတယ်လို့လည်း ပြောထားတာ မဟုတ်ပါဘူး။

သူတို့ Troll ထားတာက “(BREAKING NEWS) Turbo အဖွဲ့က Kim Jong Kook နဲ့ Song Jihyo တို့ဟာ RUNNING MAN အဖွဲ့ဝင်တွေဖြစ်ကြောင်း Dispatch က အတည်ပြုခဲ့တယ်”လို့ ဆိုလိုတာပါ။ ဒါက အမှန်တရားပါပဲ။ ဒါကို Dispatch မြင်ပြီး ဂျင်းမိသွားတဲ့ ပရိသတ်တချို့ တကယ်ရှိခဲ့တာကြောင်း Dispatch အစွမ်း အံ့မခန်းလိုပဲ ဆိုရမယ် ထင်ပါတယ်။

— ဃဲ
Ref: FB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page