K pop

■ BIGBANG နဲ့ ပတ်သက်လို့ G-Dragon ရဲ့ ယုံကြည်မှု

— – – သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့ရပ်တည်ချက်ကို ထင်ဟပ်တဲ့ ဓာတ်ပုံရဲ့ နောက်ကွယ်က အဓိပ္ပာယ်ဟာ ဘယ်လောက်အထိ …

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ၂၀၂၁ ခုနှစ်ကို ကြိုဆိုခဲ့တဲ့ ဓာတ်ပုံနှစ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေက သူ့ရဲ့ရပ်တည်ချက်တွေကို ထင်ဟပ်ပြီး VIP တွေကို မျှော်လင့်ချက်သန်းစေခဲ့တာပါ။

ပထမဆုံးဓာတ်ပုံတစ်ပုံကတော့ ထုံးစံအတိုင်း သူ့ရဲ့ ဝေတေဝါးတားဓာတ်ပုံတစ်ပုံကို တင်ခဲ့တာဖြစ်ပြီး ရက်စွဲက ၁.၁.၂၀၂၁ ဖြစ်သလို၊ နာရီက နံနက် ၁ နာရီ ၁၁ မိနစ် ဖြစ်ပါတယ်။

အဓိပ္ပာယ်ပိုရှိတာနဲ့ VIP တွေကို ကြက်သီးဖြန်းဖြန်းထစေတဲ့ ဓာတ်ပုံကတော့ ဒုတိယပုံဖြစ်ပါတယ်။ အဲဒီပုံက BIGBANG အဖွဲ့ဝင် (၅)ယောက် တစ်ယောက်လက်ကောက်ဝတ်ကို တစ်ယောက် ခိုင်မြဲစွာဆွဲကိုင်ထားတဲ့ ဓာတ်ပုံပါ။

ဒါက ဘာကိုပြသလဲဆိုရင် BIGBANG ဟာ ဘယ်လိုဖြစ်ဖြစ် (၅)ယောက်ဖြစ်တယ်။ Seungri ဟာ အကြောင်းတစ်စုံတစ်ခုကြောင့် အခုအချိန်မှာ BIGBANG နဲ့ ဝေးနေရင်တောင် သူတို့အဖွဲ့ဟာ ဘယ်တော့မှ မခွဲဘူး။ အတူတူ ရှိနေတယ်ဆိုတာကို ပြတာလည်း ဖြစ်ပါတယ်။

ဒါက ပြတ်သားတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ ရပ်တည်ချက်ဖြစ်သလို၊ BIGBANG အဖွဲ့ဝင်တွေအားလုံးရဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်။

BIGBANG အဖွဲ့ဝင် (၅)ယောက် တစ်ယောက်လက်ကောက်ဝတ်ကို တစ်ယောက် ကိုင်ထားတဲ့ဓာတ်ပုံဟာ BIGBANG အဖွဲ့ရဲ့ Photoshoot တစ်ခုက လက်ဆောင်ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ မျက်နှာတွေ၊ ခန္ဓာကိုယ်တွေမှာ ဆေးခြယ်ပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။

BIGBANG အဖွဲ့ရဲ့ Comeback ကို ဒီနှစ်မှာ ပိုပြီးမျှော်လင့်နေကြသလို၊ ကိုရီးယားလူမျိုးတွေကလည်း Legend တွေရဲ့ ပြန်အလာကို ဆွေးမြေ့စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

— ဃဲ
Ref: YG & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page