K pop

■ NCT အဖွဲ့ထဲမှာ Choreography သင်ယူမှု အမြန်ဆုံး အဖွဲ့ဝင်က ဘယ်သူလဲ

-UNICODE

– – -အဖွဲ့ဝင်များစွာ ရှိကြတဲ့ NCT ထဲမှာ Choreography နဲ့ ပတ်သက်ရင် အတော်ဆုံး အဖွဲ့ဝင်က တခြားမဟုတ်ဘဲ……

NCT ရဲ့ choreographer Ryu.D က YouTuber Cha Hyun Seung နဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး NCT အဖွဲ့ဝင် (၂၃) ယောက်နဲ့ အလုပ်တွဲလုပ်ရတဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

အဲဒီမှာ Cha Hyun Seung က NCT အဖွဲ့နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အမေးများတဲ့ NCT အဖွဲ့ထဲမှာ ဘယ်သူ Choreography သင်ယူမှု အမြန်ဆုံးလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ ဒီအခါမှာတော့ Ryu.D က စဉ်းစားရကြပ်သွားပြီး အစပိုင်းမှာတော့ အားလုံးက သင်ယူမှုမြန်ကြပါတယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက် Ryu.D က Mark ရဲ့ အကစွမ်းရည်နဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ 2020 MAMA ရဲ့ NCT 127 ရဲ့ ဖျော်ဖြေမှုက Mark ရဲ့ အကစွမ်းရည်ကို ချီးကျူးသွားခဲ့တာပါ။

” Kick It မှာ Mark ရဲ့ Solo ကိုကြည့်လိုက်ရင် ခင်ဗျားလည်း သတိထားမိမှာပါ။ Mark က ကျွန်တော့်ထက်တောင် choreography ပိုင်းပိုကောင်းတဲ့ choreographer တစ်ယောက်ပါ” လို့ Ryu.D က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Mark အပြင် Ten နဲ့ Taeyong တို့ရဲ့အကစွမ်းရည်ကလည်း ကောင်းမွန်ကြောင်း၊ NCT တစ်ဖွဲ့လုံးက တော်ကြပေမဲ့ သူတို့ (၃) ယောက်ကတော့ နောက်ထပ်တစ်ဆင့်တစ်ခုမှာ ရှိနေကြောင်း Ryu.D က ဆိုခဲ့ပါတယ်။

-UNICODE

■ NCT အဖြဲ႕ထဲမွာ Choreography သင္ယူမႈ အျမန္ဆံုး အဖြဲ႕၀င္က ဘယ္သူလဲ

– – -အဖြဲ႕ဝင္မ်ားစြာ ရွိၾကတဲ့ NCT ထဲမွာ Choreography နဲ႔ ပတ္သက္ရင္ အေတာ္ဆုံး အဖြဲ႕ဝင္က တျခားမဟုတ္ဘဲ……

NCT ရဲ႕ choreographer Ryu.D က YouTuber Cha Hyun Seung နဲ႔ အစီအစဥ္တစ္ခုမွာ ပါဝင္ခဲ့ၿပီး NCT အဖြဲ႕ဝင္ (၂၃) ေယာက္နဲ႔ အလုပ္တြဲလုပ္ရတဲ့အေၾကာင္းကို ဖြင့္ဟခဲ့ပါတယ္။

အဲဒီမွာ Cha Hyun Seung က NCT အဖြဲ႕နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ အေမးမ်ားတဲ့ NCT အဖြဲ႕ထဲမွာ ဘယ္သူ Choreography သင္ယူမႈ အျမန္ဆုံးလဲဆိုတဲ့ ေမးခြန္းကို ေမးခဲ့ပါတယ္။ ဒီအခါမွာေတာ့ Ryu.D က စဥ္းစားရၾကပ္သြားၿပီး အစပိုင္းမွာေတာ့ အားလုံးက သင္ယူမႈျမန္ၾကပါတယ္လို႔ ဆိုခဲ့ပါတယ္။

အဲဒီေနာက္ Ryu.D က Mark ရဲ႕ အကစြမ္းရည္နဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။ 2020 MAMA ရဲ႕ NCT 127 ရဲ႕ ေဖ်ာ္ေျဖမႈက Mark ရဲ႕ အကစြမ္းရည္ကို ခ်ီးက်ဴးသြားခဲ့တာပါ။

” Kick It မွာ Mark ရဲ႕ Solo ကိုၾကည့္လိုက္ရင္ ခင္ဗ်ားလည္း သတိထားမိမွာပါ။ Mark က ကြၽန္ေတာ့္ထက္ေတာင္ choreography ပိုင္းပိုေကာင္းတဲ့ choreographer တစ္ေယာက္ပါ” လို႔ Ryu.D က ဖြင့္ဟခဲ့ပါတယ္။

ဆက္လက္ၿပီး Mark အျပင္ Ten နဲ႔ Taeyong တို႔ရဲ႕အကစြမ္းရည္ကလည္း ေကာင္းမြန္ေၾကာင္း၊ NCT တစ္ဖြဲ႕လုံးက ေတာ္ၾကေပမဲ့ သူတို႔ (၃) ေယာက္ကေတာ့ ေနာက္ထပ္တစ္ဆင့္တစ္ခုမွာ ရွိေနေၾကာင္း Ryu.D က ဆိုခဲ့ပါတယ္။

You cannot copy content of this page