-UNICDOE
– – – ငယ်ငယ်ရွယ်ရွယ်မှာပဲ ကမ္ဘာကျော်တွေဖြစ်နေကြသူတွေဖြစ်ပြီး…..
Jungkook BTS
BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook ကတော့ ၁၅ အရွယ်မှာပဲ BTS အဖွဲ့နဲ့ ပွဲထွက်နိုင်ခဲ့သူဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပေမဲ့ အရည်အချင်းများစွာရှိတာကြောင့် Golden Maknae လို့လည်း နာမည်ပြောင်ရထားသူပါ။
Jisung NCT
Jisung ဟာ ၂၀၀၂ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၁၄ အရွယ်မှာပဲ ပွဲထွက်နိုင်ခဲ့သူပါ။ ဒါပေမဲ့ သူဟာ အရည်အချင်းပိုင်းနဲ့ ပတ်သက်ရင် မေးခွန်းထုတ်စရာ မလိုသူပါ။
BoA
တခြားကလေးတွေ စာသင်ကောင်းတုန်းအရွယ်၊ သူငယ်ချင်းတွေ ပျော်ပါးဆော့ကစားလို့ကောင်းတဲ့ ၁၃ နှစ်အရွယ်မှာပဲ BoA ကသူမရဲ့ အနုပညာလမ်းကြောင်းကို စတင်ခဲ့တာပါ။ BoA ဟာ ၂၀၀၀ ခုနှစ်မှာ SM Entertainment ကနေ ပွဲထွက်ခဲ့တာဖြစ်ပြီး နာမည်ကျော်စူပါစတားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
IU
IU ကလည်း (၁၆) နှစ်အရွယ်မှာပဲ ပွဲထွက်ခဲ့တာပါ။ ဆွဲဆောင်မှုရှိလွန်းတဲ့အသံနဲ့ IU ဟာ ပရိသတ်တွေကို ဖမ်းစားနိုင်သလို သရုပ်ဆောင်နယ်ပယ်မှာလည်း အောင်မြင်နေပါတယ်။
Suzy
Suzy ကလည်း အသက် ၁၆ အရွယ်မှာပဲ ပွဲထွက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တောင်ကိုရီးယားမှာသာမက ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။
သူတို့တွေအပြင် SHINee’s Taemin, Changmin TVXQ, 2NE1’s Minzy, TWICE’s Tzuyu နဲ့ TWICE’s Chaeyoung တို့ကလည်း အအအဖအသက် ခပ်ငယ်ငယ်နဲ့ ပွဲထွက်နိုင်ခဲ့ကာ အောင်မြင်ကျော်ကြားနေကြသူတွေ ဖြစ်ပါတယ်။
-ZAWGYI
■ အသက် (၁၇) နှစ်မတိုင်ခင်မှာပဲ အောင်အောင်မြင်မြင် ပွဲထွက်နိုင်နေပြီဖြစ်တဲ့ K-pop Idol များ
Jungkook BTS
Jisung NCT
BoA
IU
Suzy