K pop

■ ဝိတ်ကျပြီး အရင်က Park Bom ကို ပရိသတ်တွေ အံ့အားသင့်ဖွယ်ပြန်မြင်တွေ့ခဲ့ကြ

— 2NE1 ခေတ်ခါတုန်းက လှပတဲ့ခြေတံလေးနဲ့ ချစ်စရာကောင်းတဲ့ Visual ကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိခဲ့တဲ့ Park Bom တစ်ယောက် အရင်က Park Bom ကို ဝိတ်ချပြီး ပရိသတ်တွေကို အံ့ အားသင့်ဖွယ် ချပြခဲ့ပါတယ်။

Park Bom က သူမအနေနဲ့ ADD Medication ကုသထုံးတွေကြောင့် ဝိတ်တွေအများကြီးကျသွားခဲ့ တယ်လို့ ရှင်းပြခဲ့ပါတယ်။ Park Bom ဟာ Juvis လို့ခေါ်တဲ့ Diet ကုသထုံးနဲ့ ဝိတ်ချခဲ့ပါတယ်။ အဆိုပါ Juvis Diet ကို Shindong ၊ Huh Gak နဲ့ Sam Hammington တို့လည်း ပြုလုပ်ခဲ့ကြတာပါ။

Park Bom က သူမအနေနဲ့ အရင်က ဝိတ် 70 Kg ရှိပြီး အခုအခါ 59 Kg သာရှိကာ 11Kg ဝိတ်ကျ သွားတယ်လို့ ပြောခဲ့ပါတယ်။ Park Bom ဝိတ်ချခဲ့တဲ့ ကုမ္ပဏီကလည်း အခုလို မှတ်ချက်ပြုခဲ့ပါတယ်။

“ Cele တွေအားလုံးအနက် Park Bom ကိုတော့ ကိုင်တွယ်ရအခက်ဆုံးဖြစ်ပါတယ်။ မကြာခဏဆိုသ လို Park Bom ဟာ Diet ကုထုံးမှာ လွဲချောမှုရှိခဲ့တာပါ။ Park Bom ဟာ သူမရဲ့ အစားစာချင်စိတ်ကို မထိန်းနိုင်ဘဲ သူ့ကို ကိုင်တွယ်ရတာ အလွန်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို အခက်အခဲတွေနဲ့ ရင် ဆိုင်ရပြီး အဆုံးမှာ Park Bom ဟာ 11 Kg ဝိတ်ကျရင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ Diet ကုမ္ပဏီက မှတ်ချက်ပြုခဲ့ပါတယ်။

ထပ်ပြီး Park Bom ကလည်း သူမအနေနဲ့ အခုအခါ ကုထုံးကို ဖြတ်လိုက်တာတောင်မှ ကျန်းမာရေး ပိုကောင်းလာတယ်လို့ ခံစားရသလို မကြာခင် Comeback တွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page