Cele
■ BTS ကို သူတို့အဖွဲ့နဲ့ နှိုင်းယှဉ်ကာ ချီးကျူးလိုက်တဲ့ ဂန္ထဝင်အဆိုတော် Paul McCartney
-UNICODE
– – -ဂန္ထဝင်အဖွဲ့ The Beatles ရဲ့ အဆိုတော်ကြီးPaul McCartney က BTS ပရိသတ်ဖြစ်ပြီး………
နိုဝင်ဘာ (၂၃) ရက်နေ့က The Beatles အဖွဲ့ရဲ့ ဂန္ထဝင်အဆိုတော်ကြီးဖြစ်တဲ့ Paul McCartney ဟာ Smartless အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အကြောင်းအရာ အစုံအလင်ကို ပြောကြားသွားခဲ့ပါတယ်။
အဲဒီမှာ Paul McCartney ဟာ ကိုရီးယားမီဂါစတားအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ရာမှာတော့ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ Host က နားထောင်ရနှစ်သက်တဲ့ အမျိုးသားအကြိုက်ရှိလားလို့ မေးမြန်းခဲ့ရာမှာတော့ မေးမြန်းခဲ့တာပါ။
အဲဒီမှာ Paul McCartney က တွေဝေခြင်း မရှိဘဲ BTS လို့ ပြန်ဖြေခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေရဲ့ ဂီတလျှောက်လှမ်းဟာ The Beatles အဖွဲ့နဲ့ ဆင်တူတယ်လို့လည်း Paul McCartney က ဖွင့်ဟခဲ့ပါတယ်။
“ကြည့်ရတာ BTS အဖွဲ့ဟာ ကျွန်တော်တို့နဲ့ သွားနေတဲ့ ပုံစံချင်း ဆင်တူပါတယ်။ ငါရဲ့ ကိုရီးယား သူငယ်ချင်း BTS ရေ..မင်းတို့ကိုကြည့်ရတာ ငါ နှစ်သက်တယ်”လို့ Paul McCartney က ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး Paul McCartney က BTS အဖွဲ့ဟာ အလွန်အံ့အားသင့်စရာကောင်းကြောင်း၊ BTS ရဲ့သီချင်းတွေကို နှစ်သက်ကြောင်းလည်း ဆိုခဲ့ပါတယ်။ Paul McCartney ဟာ အရင်ကလည်း BTS ကို ကြိုက်နှစ်သက်တဲ့အကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-UNICODE
Ref: Koreaboo
You cannot copy content of this page