K pop

■ Itaewon မှာ အိမ်တစ်လုံးဝယ်လိုက်တဲ့ Jungkook

— BTS ရဲ့ Maknae လေး Jungkook ဟာ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကို သက်သေပြလိုက်ပြန်ပါပြီ။

BTS အဖွဲ့ဝင် Jungkook ဟာ ဈေးကြီးတဲ့ Itaewon အရပ်မှာ မိသားစုပဲနေထိုင်နိုင်တဲ့ အိမ်တစ်လုံး ဝယ်လိုက်တယ်လို့ သိရပါတယ်။

ကိုရီးယားမီဒီယာ Etoday ရဲ့ဖော်ပြချက်အရ Jungkook ဟာ နိုဝင်ဘာလက အဆင့်မြင့် တိုက်ခန်း အိမ်ရာမဟုတ်ဘဲ မိသားစုပဲနေထိုင်နိုင်တဲ့ နှစ်ထပ်တိုက် အိမ်ကို ဝယ်ယူခဲ့တာလို့ သိရပါတယ်။

Jungkook ဟာ အဆိုပါအိမ်အတွက် ₩7.63 billion KRW ($7,050,940 USD)သုံးစွဲခဲ့ပြီး ဝယ်ယူ ခဲ့တာပါ။ အဆိုပါ နှစ်ထပ်အိမ်ကို ၁၉၇၆ခုနှစ်ဆောက် ထားတာလို့သိရပြီး 230.72 square meters (သို့) 2483 square feet ကျယ်ပြန့်ပါတယ်။

Itaewon ဟာ ဆိုးလ်မြို့မှာ နေရာကောင်းတစ်ခုဖြစ် ပြီး Rain နဲ့ Kim Tae Hee တို့အပါအဝင် Cele တွေ အများအပြားနေထိုင်တဲ့ အရပ်လည်းဖြစ်ပါတယ်။ နောက်ပြီး Jungkook ရဲ့ အိမ်အသစ်ဟာ Nine One Hannam နဲ့ ၅မိနစ်ပဲ ကားမောင်းရပါတယ်။ Nine One Hannam မှာ BTS အဖွဲ့ဝင်တွေ နေထိုင်တဲ့ Dorm ရှိတာဖြစ်ပါတယ်။

Jungkook ဟာ ၂၀၂၀ခုနှစ် အောက်တိုဘာလတုန်း က ဇိမ်ခံတိုက်ခန်းအိမ်ယာ Trimage complex ကို ရောင်းထုတ်ခဲ့သူဖြစ်ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page