K pop

■ Lisa နဲ့ Rose’ တို့ရဲ့ Solo MV တွေ ရိုက်ကူးပြီးပြီလို့ သိရ

— BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rosé နဲ့ Lisa တို့ရဲ့ Solo MV တွေဟာ ရိုက်ကူးပြီးပြီလို့ သိရပြီး အနှေးနဲ့အမြန် YG က ကြေညာလိမ့်မယ်လို့ သတင်း တွေထွက်နေပါတယ်။

မကြာသေးခင်က YG Entertainment ဟာ Rose’ နဲ့ Lisa ကို Solo Debut လုပ်ဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ BLINK တွေပျော်မြူးခဲ့ကြပါတယ်။

2018 ခုနှစ် နိုဝင်ဘာလက BlACKPINK အဖွဲ့ဝင် Jennie ဟာ Solo သီချင်းနဲ့ ပထမဆုံး Solo Debut လုပ်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်း YG ဟာ ကျန်တဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Rose’၊ Lisa ၊ Jisoo တို့ကို Solo တွေထုတ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခြေအနေအကြောင်းမျိုး မျိုးကြောင့် မထုတ်နိုင်ခဲ့ဘဲ BLINK တွေ အားမလို အားမရဖြစ်ခဲ့ကြတာပါ။

အခုအခါမှာတော့ YG ဟာ တဆင့်ပြီးတဆင့်သွား နေပုံရပြီး ၂၀၂၀မှာ BLACKPINK ရဲ့ ပထမဆုံး Full Album ကို ထုတ်လွှင့်ပေးခဲ့သလို အခုအခါ Solo Debut တွေ လုပ်ဖို့ ပြင်ဆင်နေပုံရပါတယ်။

ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ YG ဟာ Rose’ နဲ့ Lisa တို့ရဲ့ Solo MV တွေကို ရိုက်ကူး ပြီးပြီလို့တောင်သိရပြီး မကြာခင်ထုတ်ပြန်လိမ့်မယ် လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ BLACKPiNK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ဟာလည်း သူမရဲ့ ပထမဆုံး Lead Role ဒရာမာကို ရိုက် ကူးနေတာဖြစ်ပါတယ်။

-m2t
Ref: allkpop

You cannot copy content of this page