K pop

■ စစ်မှုတာဝန်ပြီးဆုံးပြီ ပရိသတ်တွေဆီပြန်လာပြီ ဖြစ်တဲ့ Park Hyungsik

— ပရိသတ်တွေနဲ့ ၂နှစ်နီးပါး ဝေးကွာနေတဲ့ မင်းသားချော Park Hyungsik ဟာ စစ်မှုတာဝန်ပြီး ဆုံးခဲ့ပြီလို့ သိရပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့က Park Hyungsik ရဲ့ အေဂျင်စီ UAA က အတည်ပြုခဲ့တာဖြစ်ပြီး Park Hyungsik ဟာ သူ့ရဲ့နောက်ဆုံး အားလပ်ရက်မှာ စခန်းကို ပြန်သွားစရာမလိုတော့ဘဲ COVID-19 Guidelines အခြေအနေကြောင့် စစ်မှုတာဝန်ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

မင်းသား Park Hyungsik ဟာ 2019 ခုနှစ်၊ ဇွန်လ 10ရက်နေ့က စစ်မှုတာဝန်ကို စတင်ထမ်းဆောင်ခဲ့ တာဖြစ်ပြီး စစ်မှုတာဝန်ကာလမှာ Park Hyungsik ဟာ မြို့တော်ကာကွယ်ရေးတပ်ဖြစ်တဲ့ ရဲဌာနချုပ် မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

Park Hyungsik အနေနဲ့ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ဒရာမာနဲ့ ရုပ်ရှင်အချို့ရဲ့ ကမ်းလှမ်းမှုတွေ ကိုခံနေရပြီး မကြာခင် ဒရာမာ သို့မဟုတ် ရုပ်ရှင်တွေ Comeback လုပ်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် K-popper တွေမျှော်လင့်နေတဲ့ Wooga Family တစ်ယောက်ကလည်း ပြန်ရောက်လာပြီဖြစ် ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page