K pop

■ JYP သတ်မှတ်တဲ့ SM နဲ့ YG က အကောင်းဆုံး အမျိုးသား Dancer K-pop Idol နှစ်ဦး

—- JYP ရဲ့ CEO J.Y.Park က SM နဲ့ YG က Idol နှစ်ဦးဟာ ဒီ K-pop အမျိုးသား Idol တွေမှာ အကောင်ဆုံး Dancer တွေလို့ သတ်မှတ်ခဲ့…

ဇန်နဝါရီလ 2 ရက်နေ့က ‘Ask Us Anything’ အစီအစဉ်မှာ J.Y.Park နဲ့ Rain တို့ဟာ သူတို့ရဲ့ သီ ချင်းသစ်အတွက် ပရိုမိုးရှင်းဆင်းခဲ့ကြပြီး ဧည့်သည်အနေနဲ့ပါဝင်ခဲ့ကြပါတယ်။

အစီအစဉ်အတွင်းမှာ ‘Dong Sunbae’s Quiz’ မတိုင်ခင် J.Y.Park ရဲ့ ထာဝရအကောင်းဆုံးသီချင်း ဖြစ်တဲ့ ‘She was Pretty.’ ကို Super Junior အဖွဲ့ဝင် Shindong နဲ့ Rain တို့က ကခဲ့ကြပါတယ်။ နှစ်ဦးစလုံးဟာ အမိုက်စားကခဲ့ကြတာကြောင့် J.Y.Park အပါအဝင် အားလုံး ဝိုးတွေဖြစ်ခဲ့ကြပါတယ်။

အဲဒီမှာ J.Y.Park က “ ငါ Dong Sunbae (Shindong)ကတာကို အကြိမ်တိုင်းတွေ့လိုက်တိုင်း အသစ်လို့ပဲ ခံစားရတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီမှာ Shindong ကလည်း “ ကျွန်တော် ပြောဖူးလားတော့မသိဘူး။ တစ်ခါတုန်းက အင်တာဗျူးတစ် ခုမှာ J.Y.Park ဟာ K-pop Idol တွေအနက် အကောင်းဆုံး Dancer နှစ်ဦးအဖြစ် BIGBANG Taeyang နဲ့ ကျွန်တော်ဆိုပြီး ရွေးခဲ့ဖူးတယ်။ ဟုတ်လား” လို့ ပြောခဲ့ပါတယ်။

J.Y.Park ကလည်း “ ဟုတ်ပါတယ်” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page