— – – ဘယ်အဖွဲ့ရဲ့ ဝတ်ဆင်မှုက ပိုမိုက်တယ်လို့ ထင်ပါသလဲ ?
လက်ရှိ SM Entertainment မှာ သက်ဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးအဖွဲ့ (၃)ဖွဲ့ကတော့ Girls’ Generation, Red Velvet နဲ့ ၂၀၂၀ ခုနှစ်က ပွဲထွက်တဲ့ aespa တို့ ဖြစ်ပါတယ်။ သူတို့ဟာ စကတ်တိုတွေကို ဝတ်ဆင်ကြပေမဲ့ ခြားနားမှုတော့ ရှိနေတာပါ။
1. Girls’ Generation
Girls’ Generation အဖွဲ့ဝင်တွေဟာ စကတ်တိုတွေကို ဝတ်ဆင်နေဆဲဖြစ်ပြီး သူတို့ရဲ့ ပုံရိပ်က အရွယ်နဲ့လိုက်ပြီး ရင့်ကျက်တဲ့၊ ကျက်သရေရှိတဲ့ ဘက်ကို သွားတာဖြစ်ပါတယ်။
2. Red Velvet
Red Velvet အဖွဲ့ဝင်တွေကတော့ စကတ်တို ဝတ်တဲ့အခါ Trendy and Chic ဖြစ်တဲ့ ပုံစံဘက်ကို သွားပြီး အလွန်ကြည့်ကောင်းပါတယ်။
3. aespa
ပွဲထွက်တာ မကြာသေးသလို၊ ဆယ်ကျော်သက်နဲ့ ၂၀ အရွယ်လေးတွေဖြစ်ပြီး aespa အဖွဲ့ဝင်တွေအနေနဲ့ စကတ်တို ဝတ်လိုက်တဲ့အခါ Fresh ဖြစ်တဲ့ဘက်ကို သွားပါတယ်။
— ဃဲ
Ref: Koreaboo & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***