K pop

■ ၂၀၂၁ မှာ သရုပ်ဆောင်အဖြစ် ပွဲထွက်ကြမယ့် K-Pop Idol (၅) ဦး

— – – ဒီနှစ်မှာ အလန်းစား Idol တွေရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရမှာဖြစ်ပြီး သူတို့တွေကတော့ …

K-Pop Idol တွေဟာ သရုပ်ဆောင်အလုပ်ကိုပါ တွဲလုပ်ကြပြီး တချို့ဆိုရင် သရုပ်ဆောင်လောကမှာ ထိပ်တန်းနေရာကိုတောင် ရယူထားကြတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း သရုပ်ဆောင်နယ်ပယ်မှာ ပွဲထွက်ကြမယ့် K-Pop Idol (၅)ဦးကတော့ …

1. Jisoo (BLACKPINK)


Snowdrop ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မှာဖြစ်ပြီး မေလ (၂၈)ရက် ထုတ်လွှင့်မယ်လို့ သတင်းထွက်နေပါတယ်။

2. Irene (Red Velvet)


သူကတော့ Double Patty ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး ဒီနှစ်ထဲမှာ ရုံတင်မှာပါ။

3. Jaehyun (NCT)


Jaehyun ကတော့ KBS က ထုတ်မယ့် Dear ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်အဖြစ် ပွဲထွက်မှာဖြစ်ပြီး ဖေဖော်ဝါရီ (၁၅)ရက်မှာ ထုတ်လွှင့်မယ်လို့ မျှော်လင့်ရပါတယ်။

4. Miyeon ((G)I-DLE)


Miyeon က KakaoTV ရဲ့ web-drama တစ်ခုဖြစ်တဲ့ Replay ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပြီး ဖေဖော်ဝါရီ (၁၉)မှာ ထုတ်လွှင့်မယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။

5. Byeongkwan (A.C.E)


Byeongkwan (A.C.E) ကတော့ Naver TV ရဲ့ web-drama ဖြစ်တဲ့ Contract Relationship Starting Today ဇာတ်လမ်းတွဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page