K pop

■ YSL Beauty ရဲ့ Muse အဖြစ် Vogue Korea က Rosé ရဲ့ အလန်းစား

— – – Vogue Korea က ဖော်ပြခဲ့တဲ့ Rosé ရဲ့ပုံတွေက အသက်ရှုမှားလောက်အောင် …

၂၀၁၆ မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ Endorsement Power ကတော့ ကြောက်စရာလို့တောင် ဆိုနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တော်တော်များနဲ့ လက်တွဲထားပြီး ဂီတမှာသာမက ဖက်ရှင်ပိုင်းမှာ ကမ္ဘာ့ထိပ်တန်းဖြစ်ကြောင်း သက်သေပြနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တောင်ကိုရီးယားနာမည်ကျော် မဂ္ဂဇင်း Vogue Korea က BLACKPINK အဖွဲ့ဝင် Rosé ရဲ့ Yves Saint Laurent Beauty အဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။

သူတို့ဟာ Rosé ရဲ့ ဓာတ်ပုံတွေနဲ့အတူ “Yves Saint Laurent Beauty ရဲ့ muse ဖြစ်တဲ့ Rosé ရဲ့Digital ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ သူမရဲ့ အပြစ်အနာမရှိတဲ့ အသားအရေနဲ့ ပြိုင်ဘက်ကင်း Aura က ဒီဓာတ်ပုံတွေမှာ ပေါ်လွင်ပါတယ်။ ဒါတွေဟာ YSL Beauty’s first couture marble pact ကြောင့် ပိုပြီးပြည့်စုံသွားတာပါ”ဆိုပြီး ဖော်ပြခဲ့တာပါ။

Rosé ဟာ Yves Saint Laurent ရဲ့ Global Ambassador အဖြစ် ၂၀၂၀ ခုနှစ်မှာ ခန့်အပ်ခံရခဲ့ပြီး သူတို့ရဲ့ ဖက်ရှင်ပရိုမိုးရှင်းပွဲတွေကို တက်ရောက်လေ့ရှိသူပါ။ အခု Yves Saint Laurent က သူ့ကို Yves Saint Laurent Beauty ရဲ့ muse အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page