K pop

■ EXO အဖွဲ့ထဲမှာ Chen ဘယ်သူ့ကို အချစ်ဆုံးလဲ၊ ဘာကြောင့်လဲ ?

– – – Chen က EXO အဖွဲ့ဝင်တစ်ဦးရဲ့နွေးထွေးမှုကို ဖွင့်ဟထားပြီး သူအချစ်ဆုံးအဖွဲ့ဝင်က ဘယ်သူဖြစ်မလဲဆိုတာကိုတော့ …..

EXO အဖွဲ့ဝင် Chen ဟာ KBS Cool FM အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အစီအစဉ်တင်ဆက်သူ Apink အဖွဲ့ဝင် Jung Eun Ji နဲ့အတူ သူအချစ်ဆုံး EXO အဖွဲ့ဝင်တစ်ဦးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

EXO အဖွဲ့ဝင်တွေထဲမှာ Chen နဲ့ အရင်းနှီးဆုံးအဖွဲ့ဝင်က Xiumin ဖြစ်တယ်လို့ သိရပါတယ်။

“လူတွေဟာ စကားပြောပြီဆိုရင် ကိုယ့်စကားကို နားထောင်တဲ့လူမျိုးကို ပိုသဘောကျကြပါတယ်။ တချို့က ကိုယ့်စကားကို အရင်နားထောင်ပေမယ့် နောက်ပိုင်းမှာ သူတို့ထင်မြင်ချက်တွေကို ပြောတတ်ကြပါတယ်။

ဒါပေမဲ့ Xuimin ကတော့ တခြားသူတွေပြောသမျှကို နားထောင်တတ်သူဖြစ်ပါတယ်။ အဲဒါမျိုးက ကျွန်တော်က အရမ်းသဘောကျပါတယ်”- Chen

ဒါ့အပြင် Chen က သူ့အနေနဲ့ အဲဒီအစီအစဉ်ကို လာရောက်လာခဲ့တာ Apink အဖွဲ့ဝင် Eun Ji ကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး Eun Ji နဲ့ သူငယ်ချင်းဖြစ်ရတာ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page