K pop

■ မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေတဲ့ Ji Chang Wook

– – – ငယ်ငယ်ကတည်းက ဖခင်ဆုံးပါးသွားလို့ မိခင်မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ နေလာတဲ့ Ji Chang Wook က သူ့ရဲ့ မိသားစုဘဝအကြောင်းကို ဖွင့်ဟထား ….

နာမည်ကျော်မင်းသား Ji Chang Wook ဟာ tvN ရုပ်သံရဲ့ Laborhood on Hire ဆိုတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မိခင်ဖြစ်သူနဲ့အတူ နေထိုင်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ နာမည်ကျော် MC Yoo Jae Suk က သူ့အနေနဲ့ တစ်ယောက်တည်း တစ်ခါမှ မနေဖူးဘူးဆိုလို့ ဆိုခဲ့ပြီး Ji Chang Wook က သူလည်း တစ်ယောက်တည်း တစ်ခါမှ မနေဖူးဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော် အမေနဲ့အတူ နေနေတာပါ။ အဖေက ကျွန်တော် ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပါတယ်။ ဒီတော့ အမေဟာ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ်။ အမေ ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားတာတွေကို ကြည့်ပြီး ကျွန်တော် ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့် အမေ့အတွက် သားလိမ္မာဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ အမေနဲ့ အတူတူ နေရတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က အလုပ်များတာကြောင့် အမေ့အတွက် အချိန်မပေးနိုင်တဲ့အပေါ် အမြဲစိတ်မကောင်း ဖြစ်ရပါတယ်”
– Ji Chang Wook

သူရဲ့ စကားအဆုံးမှာတော့ Yoo Jae Suk က Ji Chang Wook ဟာ အလွန်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ကြပြီး ကိုရီးယားအင်တာနက်အသုံးပြုသူတွေကလည်း Ji Chang Wook ကို ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်ကတော့ Ji Chang Wook က သားသမီးအတိုင်း စံနမူနာယူသင့်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page