K pop

■ သတ္တိခဲလေး Jennie

– – – Jennie အတွက် ရဲရင့်နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ .တစ်ယောက်ကတော့ …

BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie နဲ့ Jisoo တို့ ၂၀၁၈ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်း (၄၀၉)မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ Jennie ဟာ Lee Kwang Soo နဲ့ တစ်သင်းတည်းကျခဲ့ပြီး ရေသယ်ပြီး သတ်မှတ်နေရာ အရင်ရောက်တဲ့အသင်းနဲ့ ဆိုတဲ့ ဂိမ်းမှာတော့ Jennie ဟာ လွယ်မယ်ထင်တဲ့ သရဲအိမ်က ဖြတ်သွားဖို့ ရွေးချယ်ခဲ့ပါတယ်။

Lee Kwang Soo က သရဲကြောက်သူဖြစ်လို့ မသွားဖို့ ပြောခဲ့ပေမယ့် Jennie က အတင်းရွေးချယ်ခဲ့တာ ဖြစ်ပြီး ရှေ့က ဦးဆောင်ပြီး သွားခဲ့ပါတယ်။ ဒါပေမဲ့ သတ္တိကောင်းလှတဲ့ Jennie ဟာ သရဲအိမ်ထဲ ဝင်ပြီး သိပ်မကြာခင်မှာပဲ လန့်ပြီး ငိုပါတော့တယ်။

သရဲအိမ်ဆိုတဲ့ အတိုင်း အရုပ်တွေရဲ့ ခြောက်လှန့်မှုကို Jennie က ကြောက်နေခဲ့တာဖြစ်ပြီး ရေတွေ အကုန်ဖိတ်သွားသလို၊ သရဲအိမ်တစ်လျှောက်လုံး ဆင်ခြေဆင်လက်တွေနဲ့ ငိုနေခဲ့တာ ဖြစ်ပါတယ်။

Lee Kwang Soo ကလည်း သရဲကြောက်သူဖြစ်လို့ သူတို့နှစ်ဦးက ခဏတာဖြတ်သန်းရတဲ့ သရဲအိမ်မှာ တိုင်ပတ်နေခဲ့တာ ဖြစ်ပြီး သရဲအိမ်က ပြန်ထွက်တဲ့အထိ Jennie ကတော့ မျက်ရည်လည်ဆွဲနဲ့ ငိုလို့ ကောင်းနေတုန်းပါပဲ။

ချစ်စရာကောင်းသလောက် အသည်းငယ်တတ်တဲ့ Jennie ဟာ အဲဒီလိုဖြစ်ခဲ့တာကို ပရိသတ်တွေနဲ့ အစီအစဉ်ရိုက်ကူးသူတွေကို မျက်ရည်စတွေနဲ့ တောင်းပန်စကားဆိုခဲ့ပါသေးတယ်။

Running Man မှာ ပါဝင်တဲ့လူတွေနဲ့ ပြန်ဆုံချိန်မှာတော့ Yoo Jae Suk က Jennie ဘယ်လိုတုန်း အဆင်ပြေရဲ့လားလို့ မေးတဲ့ အချိန်မှာ Jennie က ခေါင်းညိတ်ကာ မျက်ရည်သုတ်ရင်း ဟုတ်ကဲ့ ဟုတ်ကဲ့လို့ ဖြေခဲ့တာကြောင့်လည်း Running Man အဖွဲ့သားတွေ ပွဲကျခဲ့ရပြန်ပါတယ်။

Lee Kwang Soo ကတော့ Jennie ဟာ သူ့ဘဝတစ်လျှောက် တွေ့ခဲ့ဖူးတဲ့ လူတွေအားလုံးထဲမှာ အကြောက်တတ်ဆုံး ကောင်မလေးပါလို့ ပြောပြခဲ့ပြီး သရဲအိမ်က အကြောင်းတွေကို အာရင်းသံ အာပေါင်သံနဲ့ ပြောတော့တာပါပဲ။

အဲဒီနောက်မှာတော့ ကြောက်စရာမကောင်းပါဘူးလို့ မခဲ့တဲ့ Haha ကို Jennie က ရန်တွေ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ Yoo Jae Suk က ဒါဟာ ဒီအပိုင်းမှာ အကောင်းဆုံးအခန်းဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Running Man က သရဲအိမ်ဟာ Jennie အတွက် ငရဲခန်းဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူမရဲ့ ပရိသတ်တွေ ပိုတိုးသွားစေတဲ့ အပိုင်းတစ်ခု ဖြစ်ခဲ့မှာ သေချာပါတယ်။ Jennie ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကို ကြည့်ပြီးသားဆိုရင်တောင် အောက်က ဗီဒီယိုမှာ ထပ်ကြည့်လိုက်ပါ။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page