K pop

■ K-pop မျိုးဆက် (၃)ခုနဲ့ Debut (၄)ကြိမ် လုပ်ခဲ့သူ

– – – ဒါက သမိုင်းတစ်ခုပါပဲ။ K-pop ဒုတိယ၊ တတိယ၊ စတုတ္ထစတဲ့ မျိုးဆက် (၃)ခုနဲ့ Debut လုပ်ခဲ့တဲ့ Taemin။ ဒီထဲမှာ တချို့ပရိသတ်တွေ သိပ်မသိလောက်တဲ့ Luhan ပါဝင်တဲ့အဖွဲ့တစ်ခုနဲ့လည်း Taemin တစ်ယောက် Debut …

SuperM အဖွဲ့နဲ့ ပွဲထွက်မှုဟာ Taemin အတွက် (၄)ကြိမ်ပွဲထွက်မှုဖြစ်ပြီး၊ K-pop မျိုးဆက်မှာ (၃)ဆက်တိုက် ပွဲထွက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Taemin ပွဲထွက်ခဲ့တဲ့ အဖွဲ့တွေကိုကြည့်မယ်ဆိုရင်

1. SHINee
Taemin ဟာ ၂၀၀၈ ခုနှစ်၊ မေလ (၂၅)ရက်မှာ SHinee အဖွဲ့နဲ့ ပွဲထွက်ခဲ့ပါတယ်။ SHINee အဖွဲ့ရဲ့ ပွဲထွက်သီချင်း Replay ဟာ အရမ်း Hit ဖြစ်ခဲ့ပြီး သူတို့ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်သို့ ရောက်ရှိခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက SHINee အဖွဲ့ဟာ K-pop လောကမှာ စွမ်းရည်ပြည့်ဝတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် ကျော်ကြားခဲ့ပြီး Taemin ကတော့ အဖွဲ့ရဲ့ အငယ်ဆုံးလေးနဲ့ Dancing Machine ဖြစ်ခဲ့ပါတယ်။ SHINee ဟာ K-pop ဒုတိယမျိုးဆက်မှာ အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ဆိုတာကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။

2. YOUNIQUE Unit
YOUNIQUE က SM ရဲ့ အလန်းစား Sub Unit တစ်ခုဖြစ်ပါတယ်။ SM Entertainment ရဲ့ အကအတော်ဆုံး အနုပညာရှင်တွေကို ပေါင်းစပ်ကာ ၂၀၁၂ ခုနှစ်မှာ ပွဲထုတ်ခဲ့တာပါ။ အဲဒီ YOUNIQUE မှာ Super Junior အဖွဲ့ဝင် Eunhyuk, Super Junior-M အဖွဲ့ဝင် Henry, EXO အဖွဲ့ဝင် Kai နဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Luhan, and Girls’ Generation အဖွဲ့ဝင် Hyoyeon တို့ပါဝင်ခဲ့ပြီး MAXSTEP ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

3. Solo Debut
၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်မှာတော့ Taemin ဟာ Danger ဆိုတဲ့ ခေါင်းစီးသီချင်း ပါဝင်တဲ့ ACE အမည်ရ Mini Album နဲ့ ပွဲထွက်ခဲ့ပါတယ်။ Danger သီချင်းရဲ့ ကကွက်တွေကို အမေရိကန် အကဆရာ Ian Eastwood က ထွင်ပေးခဲ့တာဖြစ်ပြီး Taemin အနေနဲ့ LA မှာ သွားပြီး သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပွဲထွက်မှုဟာ ၂၀၁၄ ခုနှစ်မှာဖြစ်လို့ K-pop တတိယမျိုးဆက်မှာ ပွဲထွက်ခဲ့တာလို့ ဆိုရမှာပါ။

4. SuperM
နောက်ဆုံးမှာတော့ Taemin ဟာ အခု စတုတ္ထမျိုးဆက်ဖြစ်တဲ့ SuperM အဖွဲ့နဲ့ ပွဲထွက်ခဲ့ပြန်ပါတယ်။ SuperM အဖွဲ့ကတော့ SM ရဲ့ နာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့တွေဖြစ်တဲ့ EXO အဖွဲ့ဝင်တွေ၊ NCT အဖွဲ့ဝင်တွေနဲ့ SHINee အဖွဲ့ဝင် Taemin တို့လို နာမည်ကျော်တွေကို ပေါင်းစပ်ထားတာဖြစ်ပြီး အမေရိကဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ပွဲထုတ်ခဲ့တာလို့ သိရပါတယ်။ အစပိုင်းမှာ ဝေဖန်မှုတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ SuperM ရဲ့ ပွဲထွက်မှုဟာ အောင်မြင်မှုတွေ ရရှိနေပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page