– – – Fashion King ရဲ့ ဖက်ရှင် Brand တွေက ဈေးကွက်မှာ ရောင်းမလောက် ဖြစ်နေ ….
စစ်မှုထမ်းတာဝန်ပြီးဆုံးနောက် တစ်နှစ်ကျော်ကြာတဲ့အထိ ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုမရှိသေးပေမဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ဘာမှမလုပ်ဘဲ ထိုင်စားနေရင်တောင် ဒီဘဝ ပူစရာမလိုဘူးဆိုတာ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။
ကိုရီးယား ဖျော်ဖြေရေးလောကမှာ G-Dragon ဟာ လူတိုင်းအားကျရတဲ့ Idol ဖြစ်သလို၊ Fashion King လို့လည်း တင်စားခံရသူပါ။ ၂၀၁၆ ခုနှစ်မှာတော့ G-Dragon ဟာ Peaceminusone ဆိုတဲ့ Fashion Brand တစ်ခုကို တည်ထောင်ခဲ့ပါတယ်။
အဲဒီ Peaceminusone ဟာ စတင်တည်ထောင်ကတည်းက Hit ဖြစ်ခဲ့ပြီး အခုလို G-Dragon အနေနဲ့ ဘာအနုပညာ လှုပ်ရှားမှုမှ မရှိတာကြောင့် ရောင်းမလောက် ဖြစ်နေတုန်းလို့ သိရပါတယ်။
Peaceminusone Fashion Brand ဟာ အဝတ်အစား၊ တီရှပ်၊ ဦးထုပ်၊ အတွင်းခံ၊ လက်ဝတ်ရတနာ၊ ဖန်စီပစ္စည်းတွေကို ရောင်းချနေတာဖြစ်ပြီး ယခုအချိန်မှာတော့ တော်တော်များများက Sold Out ဖြစ်နေပြီး Order မှာယူမှုတွေကလည်း မနည်းဘူးလို့ ဆိုပါတယ်။
ဒါဟာ G-Dragon ရဲ့ ကျော်စောမှုနဲ့ ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုကို သက်သေပြရာ ရောက်တယ်လို့ အင်တာနက်အသုံးပြုတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
– ဃဲ
Ref: Allkpop & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***