K pop

■ ၂၀၂၁ မှာ VIP တွေအတွက် BIGBANG ဘာတွေ ယူဆောင်လာမလဲ

– – – ဒီနှစ်အတွင်းမှာ VIP တွေအတွက် BIGBANG က ဘယ်လို Excitment တွေကို ယူဆောင်လာမလဲဆိုတာ …

စစ်မှုတာဝန်ပြီးဆုံးပြီးနောက် Nike နဲ့ ပူးပေါင်း ဖိနပ်ထုတ်တာ၊ ဖက်ရှင်ပွဲတွေ တက်တာလောက်ပဲ လုပ်ရသေးတဲ့ G-Dragon နဲ့ ပြန်ဆုံမယ့် BIGBANG အဖွဲ့ သယ်ဆောင်လာမယ့် အရာတွေကို VIP တွေ စိတ်ကူးယာဉ် နေကြပါတယ်။

BIGBANG ပြန်ဆုံမယ်


BIGBANG က အစိတ်အပိုင်း (၅)ခုနဲ့ တည်ဆောက်ထားတာပါ။ လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် BIGBANG အဖွဲ့ဝင် တချို့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို ခေါင်းဆောင်ကြီးက ဖြေရှင်းဖို့ အဖြေရှာနေမှာ ဖြစ်သလို၊ အဖြေရှိပြီးသားလည်း ဖြစ်နေမှာပါ။ GD, T.O.P, Taeyang, Daesung, Seungri တို့ (၅) ယောက်စလုံး ပြန်ဆုံမယ့်နေ့ကို VIP တွေ အိပ်မက်မက်နေကြပါတယ်။

သီချင်းသစ်၊ ဂီတသစ်


၂၀၂၁ ဟာ VIP တွေအတွက်တော့ G-Dragon ရဲ့ Solo Album သစ် ထွက်မှာသာ ပြည့်စုံမှာပါ။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက Kwon Jiyong EP လိုမျိုး ထွက်မလာနိုင်ဘူးလို့လည်း ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူး။ တကယ်လို့ G-Dragon ရဲ့ Solo Album သာ ထွက်လာခဲ့မယ်ဆိုရင်တော့ ၂၀၂၁ ဟာ VIP တွေအတွက်ရော K-popper တွေအတွက် ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာပါ။

GD & T.O.P DUO


Zutter, Baby Goodnight, Oh Yeah စတဲ့ သီချင်းတွေကို K-popper တွေ ဘယ်သူမှ မေ့နိုင်ဦးမယ် မထင်ပါဘူး။ BIGBANG ရက်ပ်ပါနှစ်ယောက်ရဲ့ ပေါင်းစပ်မှုက ဘယ်လောက်အထိ ကောင်းတယ်ဆိုတာ လူတိုင်း သိပါတယ်။ T.O.P က ကိုရီးယားမှာ Comeback မလုပ်ဘူးလို့ ပြောထားပေမယ့် ဒါက စိတ်ဆိုးတုန်းခဏဖြစ်နိုင်ပြီး GD & T.O.P ရဲ့ Sub-unit ဟာ တစ်ဖန်ပြန်လည် အသက်ဝင်လာနိုင်တယ်လို့ မျှော်မှန်းမှုတွေ ရှိနေပါတယ်။

ဖက်ရှင်တွေကို မြင်ရမယ်


K-pop လောကမှာ ဘယ်သူတွေ ဘယ်လောက် ဖက်ရှင်ကျတယ်ပြောပြော G-Dragon လို ဆွဲဆောင်မှုမျိုးက ဘယ်သူမှ မလုပ်နိုင်တာ သေချာပါတယ်။ Hater တွေတောင် Woo ခနဲ ဖြစ်သွားရတဲ့ အထိ G-Dragon က ဖက်ရှင်ကျသူပါ။ လှတာ မလှတာ၊ လိုက်ဖက်တာ၊ မလိုက်ဖက်တာ ဘေးချိတ်ထားမယ်ဆိုရင် G-Dragon က သူ့ရဲ့ သူမတူတဲ့ Fashion တွေနဲ့ လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။

VIP တွေ ပြန်အသက်ဝင်လာမယ်


BIGBANG ရဲ့ စစ်မှုထမ်းမှုနဲ့အတူ ငြိမ်သက်နေတဲ့ VIP တွေ အသက်ပြန်ဝင်လာတော့မှာပါ။ သူတို့အနေနဲ့ လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် အင်အားယိုင်နဲနေတဲ့ BIGBANG ကို အားပေးဖို့၊ အဖွဲ့ဝင်တွေကို အားပေးဖို့ လှုပ်ရှားဖို့ လိုနေပါပြီ။ ဒါတွေက သူတို့ရဲ့ဘုရင်ကြီး ပြန်လာမှုနဲ့အတူ VIP တွေ အသက်ဝင်လာပါလိမ့်မယ်။ အခုတောင် Coachella ဖျော်ဖြေမှုအတွက် ကမ္ဘာအနှံက VIP တွေ လက်ချိုးရေတွက်နေကြပါပြီ။

– ဃဲ
Ref: AllKpop & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page