K pop

■ သမိုင်းတစ်လျှောက် အမျိုးသမီး Top Performers (၂၅)ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ Idol (၂)ဦး

– – – ဗြိတိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ Guardian က ရွေးချယ်တဲ့ သမိုင်းတစ်လျှောက် အမျိုးသမီး Top Performers (၂၅)ဦးစာရင်းမှာ K-pop လောက အမျိုးသမီး (၂)ဦးက ပါဝင် …

2NE1 အဖွဲ့ခေါင်းဆောင် CL နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ဟာ Guardian သတင်းစာက ရွေးချယ်တဲ့ သမိုင်းတစ်လျှောက် အမျိုးသမီး Top Performers (၂၅)ဦးစာရင်းမှာ နံပါတ် (၁၉) နဲ့ နံပါတ် (၂၄) နေရာတွေမှာ ချိတ်ခဲ့တယ်လို့ သိရပါတယ်။

Guardian သတင်းစာက ဂီတသမိုင်းတစ်လျှောက် အကောင်းဆုံး အမျိုးသမီး Top Performers (၂၅)ဦးကို ကျွမ်းကျင်သူတွေနဲ့ စီစစ်ရွေးချယ်ခဲ့တာ ဖြစ်ပြီး နံပါတ် (၁) နေရာမှာတော့ ကမ္ဘာကျော် အမေရိကန်အဆိုတော် Beyoncé က ရပ်တည်နေပါတယ်။

K-pop အမျိုးသမီးအဆိုတော်တွေကတော့ CL နဲ့ Lisa တို့ နှစ်ယောက်သာ ပါဝင်ခဲ့တာပါ။ နံပါတ် (၂၄) နေရာမှာ ရပ်တည်ခဲ့တဲ့ Lisa ဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်း ဖျော်ဖြေမှုကို ပေါင်းကူးပေးနိုင်သူဖြစ်ပြီး Kill This Love MV က သူမရဲ့ ဖျော်ဖြေမှု ကောင်းလွန်းတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

CL ကတော့ နံပါတ် (၁၉) နေရာမှာ ရပ်တည်ခဲ့ပြီး CL အလွန်တော်တဲ့ Performer တစ်ယောက်ဖြစ်တယ်လို့ Guardian သတင်းစာက မှတ်ချက်ပြုခဲ့ပါတယ်။

– ဃဲ
Ref: Guardian & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page