K pop

■ Grammy Awards မှာ BTS ဆန်ခါတင်စာရင်းဝင်တဲ့အပေါ် K Netizen တွေ ဘယ်လိုဂုဏ်ယူသလဲ

—- BTS ဟာ နောက်ဆုံးတော့ Grammy Awards မှာ ဆန်ခါတင်စာရင်းဝင်သွားပြီဆိုတာ ARMY တွေ အားလုံးသိပါတယ်။

U.S Music လောကမှာ ဂုဏ်သိက္ခာအကြီးဆုံးနဲ့ အထင်ရှားဆုံး ဆုပေးပွဲဖြစ်တဲ့ 2021 Grammy Award ဆုပေးပွဲမှာ BTS အဖွဲ့ဟာ ‘Best Pop Duo/ Group Performance.’ ဆုအတွက် “Dynamite” သီချင်းနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။

အရင်တုန်းက ကိုရီးယား Classical Music ဟာ ဆန်ခါတင်စာရင်းဝင်ခဲ့ဖူးသလို Grammy Award လည်းရဖူးခဲ့ပေမယ့် K-pop Music မှာတော့ BTS က ပထမဆုံး ဆန်ခါတင်စာရင်းဝင်တဲ့ အဖွဲ့တစ်ဖွဲ့ အဖြစ် သမိုင်းတင်ခဲ့ပါတယ်။

ဒီလို BTS အဖွဲ့ရဲ့ Grammy Awards မှာ BTS ဆန်ခါတင်စာရင်းဝင်တဲ့အပေါ် ကိုရီးယားမီဒီယာတွေ နဲ့ Netizen တွေ မြောက်များစွာချီးကျူးဂုဏ်ယူခဲ့ကြပါတယ်။ K Netizen တွေရဲ့ ဂုဏ်ယူချီးကျူးမှုအ ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

“ BTS အဖွဲ့ဟာ အကောင်းဆုံးပဲ။ သူတို့အတွက် ဂုဏ်ယူမိတယ်”

“ Grammy ဆန်ခါတင်စာရင်းကြေညာမှုကို ကြည့်ခဲ့တယ်။ ဆန်ခါတင်စာရင်းမှာ BTS ကိုတွေ့တဲ့အခါ အော်ဟစ်ခဲ့ရပါတယ်”

“ BTS အဖွဲ့အတွက် ဂုဏ်ယူသလို နောက်မျိုးဆက်သစ်တွေအတွက်လည်း ဂုဏ်ယူစရာပါ”

“ အခုထိ ဆန်ခါတင်စာရင်းဝင်တာကို မယုံနိုင်သေးဘူး။ BTS အတွက် အလွန်ဂုဏ်ယူမိတယ်”

“ ဆန်ခါတင်စာရင်းဝင်ကတည်းက ဆုဟာ သူတို့နဲ့ ထိုက်တန်တယ်လို့ ယုံကြည်တယ်”

“ မယုံနိုင်စရာပါပဲ။ Grammy ဆိုတာ အကယ်ဒမီဆုပဲမဟုတ်လား”

“ အဖွဲ့ဝင်တွေအားလုံးကို Congratulation ပါ…မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု၊ အရည်အချင်း၊ ကံ ကောင်းခြင်းတွေက ဂုဏ်ယူဖို့အတွက် ထိုက်တန်ပါတယ်”

“ BTS ကမှ နိုင်ငံ့ရတနာအစစ်အမှန်ပါ…”

“ မင်းတို့တွေရဲ့ ကြိုးစားအားထုတ်မှု အရောင်ပါပဲ။ မင်းတို့အတွက် ဂုဏ်ယူမိတယ်” စတဲ့မှတ်ချက်အ ချို့နဲ့ K Netizen တွေက ဂုဏ်ယူခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page