K pop

■ Genius Community ရဲ့ Best Albums of the 2010s မှာ ပါဝင်ခဲ့တဲ့ K-Pop အဖွဲ့ (၂)ဖွဲ့

– – – သူတို့က ဒီနာမည်ကျော်စာရင်းမှာ ပါဝင်တဲ့ အာရှက အဖွဲ့တွေအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာပါ။

Genius က အမေရိကန်မှာ ဂီတနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာအရမ်းကြီးမားတဲ့ digital media company တစ်ခု ဖြစ်ပါတယ်။ Genius.com ဟာ တစ်လကို သီချင်းနားဆင်သူ သန်း (၁၀၀) ကျော်ရှိတဲ့ Web တစ်ခုလည်း ဖြစ်ပါတယ်။

Genius က သူတို့ရဲ့ The 100 Best Albums of 2010s စာရင်းကို ထုတ်ပြန်ခဲ့တာပါ။ (2010s ဆိုတာက ၂၀၁၀ ခုနှစ်ကနေစပြီး ဒီနေ့အချိန်အထိကို ဆိုလိုတာပါ)

အဲဒီစာရင်းမှာ BIGBANG အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ထုတ် MADE Album က နံပါတ် (၇၅) ချိတ်ခဲ့ပြီး BTS အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်ထုတ် You Never Walk Alone Album က နံပါတ် (၈၀) ချိတ်ခဲ့ကာ သူတို့ဟာ ကမ္ဘာကျော်တွေဖြစ်တဲ့ Billie Eilish, Justin Bieber, Ariana Grande တို့ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တောင်ကိုရီးယားအဆိုတော်အဖွဲ့ BIGBANG ရဲ့ MADE Album ဟာ ဒီနေ့ခေတ် K-pop ကို လမ်းခင်းပေးခဲ့တဲ့ genre-defying album ဖြစ်တယ်။ သူတို့က ဒီနေ့ခေတ်အဆိုတော်အဖွဲ့ကို ဒီလမ်းကြောင်းကို သွားရမယ်လို့ အဲဒီ Album နဲ့ ပြသခဲ့တယ်။ BANG BANG BANG, FXXK IT နဲ့ SOBER သီချင်းတွေက hip-hop, EDM နဲ့ soft rock ကို ပေါင်းစပ်ထားတဲ့ စွယ်စုံရသီချင်းတွေ ဖြစ်တယ်။ ZUTTER နဲ့ BAE BAE သီချင်းတွေကတော့ သူတို့က ပါရမီရှင်တေးရေးဆရာတွေ၊ ထိပ်တန်းဖျော်ဖြေသူတွေဆိုတာကို ထင်ဟပ်စေတယ်။ BIGBANG အဖွဲ့ နားနေတာကြာပြီဖြစ်ပေမယ့် သူတို့ဟာ ကမ္ဘာစတားတွေဆိုတာကို ဒီသီချင်းတွေ သက်သေပြနေပါတယ်”
– Genius Community

“၂၀၁၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ You Never Walk Alone Album ဟာ BTS အဖွဲ့ကို ဒီနေ့လို မီဂါစတား ဖြစ်လာဖို့ လမ်းကြောင်း ပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီ Album မှာ hip-hop, K-pop, EDM နဲ့ R&B တို့ကို ခံစားနိုင်ပြီး Spring Day၊ Not Today စတဲ့ သီချင်းတွေရဲ့ စာသားတွေက အရမ်းမိုက်ပြီး U.S. charts တွေနဲ့ Billboard 200 မှာ စိုးမိုးနိုင်ခဲ့တဲ့ Album တစ်ချပ်ဖြစ်ပါတယ်”
– Genius Community

Genius Community ရဲ့ Best Albums of the 2010s မှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့ Album (၂) ချပ်သာ ပါဝင်ခဲ့ပြီး BIGBANG နဲ့ BTS တို့က အဲဒီနေရာတွေကို ရယူနိုင်ခဲ့ကာ နံပါတ် (၁)နေရာမှာတော့ အမေရိကန်အဆိုတော် Kanye West ရဲ့ My Beautiful Dark Twisted Fantasy ဆိုတဲ့ Album က ရပ်တည်ခဲ့ပါတယ်။

– ဃဲ
Ref: Allkpop & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page