K pop

■ Jin နဲ့ Jungkook Subunit ထွက်မယ်ဆိုရင် ဒီနာမည်ဖြစ်လိမ့်မယ်

– – – Jungkook က သူနဲ့ Jin ရဲ့ Subunit သာ ထွက်ခဲ့မယ်ဆိုရင် ARMY တွေက ဒီလိုနာမည်ပေးကြ မယ်လို့ ဖွင့်ဟခဲ့ . . .

BTS အဖွဲ့ဟာ  အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မှာ ဓါတ်ပုံရိုက်ခဲ့ကြပြီး အဲဒီမှာ နှစ်ယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ခဲ့ကြတယ်လို့ သိရပါတယ်။

မဲနိုက်ရွေးချယ်ခဲ့တဲ့ အဖွဲ့ခွဲမှုမှာ Jin နဲ့ Jungkook တို့က “Mikrokosmos” သီချင်းကို ရွေးချယ်ခဲ့ကြပါ တယ်။ အဲဒီနောက်မှာ Jin က “ ဒါဆို ကျွန်တော်နဲ့ Jungkook က တစ်ဖွဲ့တည်းဖြစ်ပြီပေါ့။ ကျွန်တော် တို့အသင်းက အကြီးဆုံးနဲ့ ကလေးလေး ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Jin ရဲ့ စကားကို ကြားပြီးနောက်မှာ Jungkook က တကယ်လို့ သူတို့နှစ်ဦးသာ Subunit ထွက်ခဲ့ရင် ARMY တွေက အခုလို အမည်ပေးကြလိမ့်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

“ တကယ်လို့ ကျွန်တော်တို့သာ Subunit ထွက်ခဲ့မယ်ဆိုရင် ပရိသတ်တွေက Mat-maks ဆိုပြီး ခေါ်ကြပါလိမ့်မယ်”
-Jungkook

Jungkook ရဲ့ ပြောကြားမှုဟာ ရာနှုန်းပြည့်မှန်ကန်ခဲ့ပြီး ARMY တွေက သဘောကျခဲ့ကြပါတယ်။ Mat ဆိုတာ ကိုရီးယားလို Hyung လို့ အဓိပ္ပါယ်ရပြီး Maks ကတော့ Maknae (အငယ်ဆုံး)လို့ အဓိပ္ပါယ်ရပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page