K pop
■ Jennie ဝိတ်တက်လာတယ်လို့ ရေးသားခဲ့တဲ့ ကိုရီးယားသတင်းဌာနကို Netizens တွေ ဝေဖန်
-UNICODE
– – -ကိုရီးယားသတင်းဌာနရဲ့ Caption ကို Netizens တွေက ဒေါသထွက်ခဲ့ကြပြီး……
တလောတုန်းကတော့ ကိုရီးယားသတင်းဌာနNewsnack Korea ရဲ့ BLACKPINK အဖွဲ့ဝင် Jennie အကြောင်းရေးသားတဲ့ Article တစ်ခုဟာ Netizens တွေကြား ရေပန်းစားခဲ့ပါတယ်။
အကောင်းအနေနဲ့ ရေပန်းစားတာမျျိုးမဟုတ်ဘဲ ကိုရီးယားသတင်းဌာနဟာ ဝေဖန်ခံခဲ့ရတာပါ။ Newsnack Korea ဟာ”BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ဓာတ်ပုံက ဝိတ်တက်လာတဲ့အတွက် Neitzens တွေကို စိုးရိမ်စေခဲ့တယ်”လို့ Caption ရေးသားခဲ့တာပါ။
Jennie အနေနဲ့ New Year’s Greeting အဖြစ် Instagram မှာ တင်ထားတဲ့ပုံကို Newsnack Korea က ယူသုံးထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပုံထဲမှာ Jennie ဟာ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းပြီး ခန္ဓာကိုယ်က ပိန်ပါးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုရီးယားသတင်းဌာနရဲ့ရေးသားမှုနဲ့ ပတ်သက်ပြီး Netizens တွေက ဒေါသထွက်ခဲ့ပြီး ရေးစရာမရှိ ရှာကြံရေးတာဖြစ်ကြောင်း၊ Jennie ဝိတ်ကျသွားတာမျိုးကမှ စိုးရိမ်စရာဖြစ်ကြောင်း မှတ်ချက်ပြု ဝေဖန်ခဲ့ကြပါတယ်။
“ဂျာနယ်လစ်က မရှိတဲ့ ပြဿနာကို လုပ်ယူဖန်တီးနေတာပဲ” “သူမ ကိုယ်အလေးအချိန် တက်လာတာကို စိုးရိမ်ရမှာလား။ ဒါက ကျန်းမာရေး ပြဿနာလား” “တကယ်လို့ ဝိတ်ကျသွားရင်တောင်မှ စိုးရိမ်ရဦးမယ်။ ဝိတ်တက်လာရင် ကျေနပ်စရာပါ” စသဖြင့် Netizens တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page