K pop
■ Concert မှာ လူကြီးပစ္စည်းကို Eunhyuk တွေ့သောအခါ…..
-UNICODE
– – – ဒါက ကြာပြီဆိုပေမဲ့ ပြန်ကြည့်တိုင်းမှာ သဘောကျစရာကောင်းပြီး…..
Super Junior အဖွဲ့ဝင် Eunhyuk ဟာ ‘Super Show’ Concert မှာ မမျှော်လင့်ထားတဲ့ ပစ္စည်းတစ်ခုကို ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ချီလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘Super Show’ Concert ဟာလည်း Super Junior အတွက်တော့ တကယ့်ကို မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲမှာ Super Junior အဖွဲ့ဝင် Eunhyuk ကလည်း မမျှော်လင့်ထားတဲ့ လူကြီးပစ္စည်းတစ်ခုကို လက်ဆောင်ရရှိခဲ့ပါတယ်။ စစချင်း အဲဒီလက်ဆောင်ပစ္စည်းကို Heechul က ပထမဆုံး တွေ့ရှိသွားခဲ့တာပါ။
Heechul က စင်ပေါ်မှာ ရှိနေတဲ့ အဲဒီပစ္စည်းကို Eunhyuk ထံ ပေးအပ်ခဲ့ပါတယ်။ အဲဒီပစ္စည်းက ကွန်ဒုံးပဲ ဖြစ်ပါတယ်။ Eunhyuk ဟာ စစချင်း ဘာမှန်းမသိသေးဘဲ လက်ခံယူခဲ့ပါတယ်။ အဲဒီနောက် ကွန်ဒုံးမှန်း သိသွားချိန်မှာတော့ Eunhyuk ဟာ ဒီအတိုင်း ပြန်ပစ်ချထားခဲ့ပါတယ်။
အဲဒီနောက် Heechul က သဘောကျခဲ့သလို Eunhyuk ကိုယ်တိုင်ကလည်း ရယ်ရွှင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ပြီးနောက် ပရိသတ်တွေကလည်း Eunhyuk ဖြစ်သွားပုံကို သဘောကျခဲ့ကြပါတယ်။
ကိုရီးယားက Concert တွေမှာ ဒီလိုမျိုး လုပ်လေ့မရှိပေမဲ့ နိုင်ငံတကာမှာ ကျင်းပတဲ့ Concert တွေမှာတော့ K-pop Idol တွေဟာ ထူးဆန်းတဲ့ လက်ဆောင်ပစ္စည်းတွေ ရလေ့ရှိပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page