K pop

■ ၂၀၂၀ ခုနှစ်အတွင်း Music Show တွေမှာ ဆုအများဆုံး ရရှိခဲ့ကြတဲ့ K-pop အဖွဲ့ (၁၃) ဖွဲ့

– – -အဆင့်တစ်နေရာမှာ ရှိနေတဲ့အဖွဲ့က Music Show တွေမှာ ဆု (၅၀) အထိ ရရှိခဲ့ပြီး အဲဒီအဖွဲ့ကတော့….

Music Show ဆိုတာ K-pop နယ်ပယ်မှာတော့ အတိုင်းအတာတစ်ခုအထိ အရေးပါတာကို တွေ့ရပါတယ်။

Comeback လုပ်တဲ့သီချင်း အောင်မြင်မှု ရ၊ မရဆိုတာ Music Show မှာ ဆုရ၊ မရဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။ သီချင်းတစ်ပုဒ်ဟာ ဘယ်လောက်အထိ အောင်မြင်မှု ရသလဲဆိုတာလည်း Music Show မှာ ဆုဘယ်လောက်ရသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာပါ။

ကိုရီးယားမှာတော့ အပတ်စဉ် Music Show တွေကို ထုတ်လွှင့်လျက်ရှိနေပါတယ်။ K-pop အဖွဲ့တွေကလည်း သူတို့ရဲ့ သီချင်းတွေကို Music Show တွေမှာ ပရိုမိုးရှင်းဆင်းလေ့ ရှိပါတယ်။

‘The Show,’ ‘Show Champion,’ ‘M Countdown,’ ‘Music Bank,’ ‘Show Music Core,’ နဲ့ ‘Inkigayo စတဲ့ Music Show (၆) ခုကတော့ အကြီးဆုံး Music Show တွေဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း K-pop အဖွဲ့တွေဟာ သီချင်းသစ်တွေ အပြိုင်အဆိုင် ထုတ်ခဲ့ကြပြီး အဲဒီမှာမှ Music Show မှာ ဆုအများဆုံး ရခဲ့တဲ့ K-pop အဖွဲ့တွေကို ဖော်ပြပေးလိုက်ရပါတယ်။

12 The Boyz, NCT 127 (5 wins)

9 OH MY GIRL , A Pink (8 wins)

8. Red Velvet (9 wins)

7. (G)I-DLE (10 wins)

6. GFRIEND (12 wins)

5. ITZY (13 wins)

4.TWICE (15 wins)

3. IZ*ONE (16 wins)

2. BLACKPINK (22 wins)

1. BTS (50 wins)

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page