K pop
■ BTS ရဲ့ Concert မှာ အမေဆူတာ ခံလိုက်ရတဲ့အကြောင်း ဖောက်သည်ပြန်ချခဲ့တဲ့ Jin
-UNICODE
– – -ဒီဖြစ်ရပ်က ရယ်ရွှင်ဖွယ်ကောင်းပြီး Jin အနေနဲ့ အမေဖြစ်သူကို လိုက်ရှာခဲ့ပေမဲ့….
Live ထုတ်လွှင့်မှုတစ်ခုမှာ BTS အဖွဲ့ဝင် Jin Concert က ဖြစ်ရပ်တစ်ခုကြောင့် အမေဖြစ်သူရဲ့ အဆူခံရတဲ့အကြောင်းကို ဖောက်သည်ပြန်ချသွားခဲ့ပါတယ်။
အဲဒီမှာ Jin နဲ့ Jimin တို့ဟာ ညစာအတူတူစားနေကြပြီး Concert မှာ အမေဖြစ်သူက သူမကို ရှာမတွေ့တဲ့လို့ အဆူခံရတဲ့အကြောင်း Jin က ဖွင့်ဟခဲ့တာပါ။ တစ်ခါတစ်လေကျရင် သူတို့မိသားစုဟာ BTS ရဲ့ Concert ကို လာရောက်ကြည့်ရှုလေ့ရှိကြောင်း Jin က ဆိုခဲ့ပါတယ်။
“တစ်ခါတစ်လေမှာ ငါ့ရဲ့မိသားစုက Concert ကို လာရောက်ကြည့်လေ့ရှိတယ်။ အဲဒီအခါ သူတို့ ဘယ်နေရာမှာ ထိုင်သလဲဆိုတာ မေးထားလေ့ရှိတယ်။ ဒါမှ သူတို့ကို စတိတ်ပေါ်ကနေ မြင်နိုင်မှာလေ။ ဒါပေမဲ့ ငါ ဘယ်တော့မှ သူတို့ကို ရှာမတွေ့ဘူးဖြစ်နေတယ်”လို့ Jin က ဖွင့်ဟခဲ့ပါတယ်။
အဲဒီနောက် အမေဖြစ်သူက နာမည်ကို အော်ခေါ်ခဲ့ပေမဲ့ သူ့အနေနဲ့ သတိမထားမိကြောင်း၊ အဲဒီလို သူမကို သတိမထားမိရင် အမေဖြစ်သူက မကျေနပ်တဲ့အကြောင်း Jin က ဆက်လက် ဖွင့်ဟသွားခဲ့ပါတယ်။
“ငါ့နာမည်ကို အမြဲအော်လေ့ရှိတယ်လို့အမေက ပြောတယ်။ ဒါပေမဲ့ သူခေါ်တာကို ငါ မကြားရဘူး။ အဲဒီအခါကျရင် ဘာလို့ သတိမထားမိသလဲဆိုတာ အမေက မေးလေ့ရှိတယ်။ တခြားလူတွေကလည်း အဲဒီလိုအော်ဟစ်နေတဲ့အတွက် သူခေါ်တာကို မကြားမိကြောင်း ရှင်းပြခဲ့ရတယ်”လို့ Jin က ဆိုခဲ့ပါတယ်။
Jin ဖောက်သည်ချခဲ့တဲ့အကြောင်းအရာကတော့ တကယ့်ကို ရယ်ရွှင်ဖွယ်ကောင်းပြီး ARMY တွေအတွက်လည်း ပျော်စရာ ဖြစ်ခဲ့ရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page