-UNICODE
– – – ဒီ Idol တွေကိုကြည့် JYP ရဲ စံသတ်မှတ်ထားတဲ့ အလှဂုဏ်ကို တွေ့မြင်ရမှာဖြစ်ပြီး….
နာမည်ကျော် K-pop Idol တွေရဲ့ Pre-Debut ပုံရိပ်တွေက ပရိသတ်တွေကြားမှာလည်း ရေပန်းစားလေ့ ရှိပါတယ်။
အဲဒီပုံရိပ်တွေကိုကြည့်ပြီး Idol တစ်ယောက်ဟာ ခွဲစိတ်ပြုပြင်ထားသလား၊ ပင်ကိုယ်အလှလားဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး ချီးကျူးလေ့ ရှိပါတယ်။ JYP Entertainment ကတော့ ပကတိအလှတရားကို ဦးစားပေးတယ်ဆိုတာ ဒီ အမျိုးသမီး Idol တွေက သက်သေပြထားပါတယ်။
Dahyun (TWICE)
TWICE အဖွဲ့ဝင် Dahyun ကတော့ သူမရဲ့ ကြည်လင်တောက်ပလွန်းတဲ့ အသားအရေကြောင့် မကြာခဏ ချီးကျူးခံရလေ့ ရှိပါတယ်။ သူမဟာ ကျောင်းသူဘဝကတည်းက အသားအရေပိုင်း ချောမောလှပလွန်းတာပါ။
Nayeon (TWICE)
Nayeon ကလည်း ပွဲမထွက်ခင်ကတည်းက အလှအပနဲ့ ပတ်သက်ရင် JYP မှာ နာမည်ကြီးသူတစ်ယောက်ပါ။ Pre Debut နေ့စွဲတွေကတည်းက Nayeon ဟာ ပါးဖောင်ဖောင်း၊ ယုန်သွားလေးနဲ့ ချစ်စရာကောင်းလွန်းတာ ဖြစ်ပါတယ်။
Sunmi
Wonder Girls အဖွဲ့ဝင်ဟောင်း Sunmi ဟာလည်း ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှု ရှိလွန်းသူပါ။ ဓာတ်ပုံထဲမှာတော့ Sunmi ဟာ မိတ်ကပ်တောင် မလိမ်းထားတာတောင် ငယ်စဉ်ကတည်းက လှပလွန်းလှပါတယ်။
Suzy
Suzy ကတော့ Visual ဖြစ်မှုနဲ့ ပတ်သက်ရင် နာမည်ကြီးသူတစ်ယောက်ပါ။ သူမဟာ ကျောင်းသူဘဝကတည်းက Visual ဖြစ်လွန်းတယ်ဆိုတာ ဓာတ်ပုံထဲမှာ အထင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Yeji (ITZY)
ITZY အဖွဲ့ဝင် Yeji ကလည်း ချစ်စရာကောင်းလွန်းပြီး ကျောင်းဝတ်စုံနဲ့ သူမရဲ့ ပုံရိပ်ကို မြင်တွေ့လိုက်ရာမှာလည်း ပရိသတ်တွေက အချစ်ပိုခဲ့ကြပါတယ်။
Yuna (ITZY)
Yuna ရဲ့ Pre Debut တုန်းက ပုံရိပ်ကလည်း Netizens တွေ နာမည်ကြီးခဲ့ပါသေးတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ JYP က ပကတိအလှတရားကို ဦးစားပေးတယ်ဆိုတာ သက်သေပြထားကြတဲ့ အမျိုးသမီး Idol (၆) ဦး
Dahyun (TWICE)
Nayeon (TWICE)
Sunmi
Suzy
Yeji (ITZY)
Yuna (ITZY)
Ref: Koreaboo