-UNICODE
– – – သူတို့ဟာ Lee Soo Man ရွေးချယ်ပေးခဲ့တဲ့ နာမည်တွေကို ငြင်းခဲ့ကြပြီး….
K-pop Idol တစ်ယောက်အတွက်တော့ Stage Name က အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ အရမ်းမိုက်တဲ့ Stage Name တွေနောက်မှာ လှပတဲ့ အဓိပ္ပာယ်တွေလည်း ရှိနေတတ်ကြပါတယ်။ SM က ဒီ Idol (၃) ယောက်ကတော့ Lee Soo Man ရွေးပေးတဲ့ နာမည်တွေကို ငြင်းခဲ့ကြသူတွေပါ။
H.O.T.’s Tony An
ပထမတစ်ယောက်က H.O.T. အဖွဲ့ဝင် Tony An ပါ။ အစတုန်းက Lee Soo Man ဟာ Tony An အတွက် Pickle ဆိုတဲ့ နာမည်ကို ရွေးပေးခဲ့ပါတယ်။ ဒီ နာမည်က Tony ရဲ့ တက်ကြွတဲ့ပုံရိပ်နဲ့ လိုက်ဖက်မယ်လို့ Lee Soo Man က မှတ်ယူခဲ့တာပါ။ ဒါပေမဲ့ Tony An က ငြင်းခဲ့ပြီး သူ့ရဲ့မူလ အင်္ဂလိပ်နာမည်နဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။
Super Junior’s Kyuhyun
Super Junior အဖွဲ့ဝင် Kyuhyun အတွက်လည်း Lee Soo Man က Stage Name တွေ ရွေးပေးခဲ့ကြပါတယ်။ Kyuhyun ဆိုတဲ့နာမည်က အသံထွက်ခက်တဲ့အတွက် Lee Soo Man က ပထမဆုံး Gwi-hyun ဆိုတဲ့နာမည်ကို ရွေးပေးခဲ့ပါတယ်။ Precious လို့ အဓိပ္ပာယ်ရပြီး ဒီနာမည်က Kyuhyun နဲ့ လိုက်ဖက်မယ်လို့ Lee Soo Man က ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မန်နေဂျာက ငြင်းခဲ့ပြီး မွေးနာမည်နဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။
EXO’s Sehun
EXO ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Sehun ကိုလည်း Lee Soo Man က Se-eul ဆိုတဲ့ နာမည်ရွေးပေးခဲ့ပါသေးတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ SM တည်ထောင်သူ Lee Soo Man ရွေးချယ်ပေးတဲ့ Stage Name တွေကို ငြင်းပယ်ခဲ့ကြတဲ့ Tony An, Kyuhyun နဲ့ Sehun
H.O.T.’s Tony An
Super Junior’s Kyuhyun
EXO’s Sehun
Ref: Koreaboo