K pop
■ Hyun Bin နဲ့ တွဲနေပြီဆိုတာ ပရိသတ်ကို အစောကြီးကတည်းက သဲလွန်စ ပေးထားတဲ့ Son Ye Jin
-UNICODE
– – -တကယ်တော့ Son Ye Jin က သူမတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို နဂိုကတည်းက….
သိပ်မကြာသေးခင်တုန်းက ကိုရီးယားနာမည်ကျော်စူပါစတားတွေဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ တွဲနေပြီဆိုတာကို Dispatch က ဖော်ပြခဲ့တာပါ။
သက်ဆိုင်ရာ အေဂျင်စီတွေကလည်း သူတို့ရဲ့ Dating သတင်းတွေကို အတည်ပြုပေးခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်နဲ့ အရင်ကသတင်းတွေ၊ အကြောင်းအရာတွေဟာလည်း ပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားလာခဲ့ပါတယ်။
အဲဒီအထဲကမှ ပြီးခဲ့တဲ့ ဇွန်လအတွင်းက သူမတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ Post တစ်ခုက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အဲဒီကာလက Baeksang Arts Awards ဆုပေးပွဲတဝှိုက် အချိန်တုန်းကပါ။
Netizens တစ်ယောက်က Baeksang Arts Awards ပွဲက Hyun Bin နဲ့ Son Ye Jin တို့နှစ်ယောက် ပုံနဲ့အတူ “မင်းတို့ တွဲနေပြီလို့ ငါကိုပြောပါ”ဆိုတဲ့ Caption ကို ရေးသားခဲ့ပါတယ်။ အဲဒီ Post ကို Son Ye Jin ကိုယ်တိုင်က Like ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ရှုပ်ထွေးခဲ့ကြကာ Dating သတင်းတွေကိုလည်း သက်ဆိုင်ရာ အေဂျင်စီ ငြင်းဆိုခဲ့ကြတာပါ။ အခု သူတို့နှစ်ယောက် တွဲနေပြီလို့ အတည်ပြုတဲ့ ထုတ်ပြန်ချက်တွေမှာ Crash Landing on You ဇာတ်လမ်းတွဲအပြီး ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပြီး တွဲဖြစ်ခဲ့ကြတာလို့ ပါရှိတာကြောင့် သူတို့နှစ်ယောက်က အဲဒီအချိန်ကတည်းက တွဲဖြစ်နေကြပြီလို့ ဆိုရမှာပါ။
ဒါကြောင့် Netizens ရဲ့ Post ကို Like လုပ်ခဲ့တာဟာ Son Ye Jin အနေနဲ့ သပ်သပ်စတာ မဟုတ်ဘဲ သူမတို့နှစ်ယောက်တွဲနေတဲ့အကြောင်း အစောကြီးကတည်းက သဲလွန်စပေးထားခဲ့တာ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
ဒါကြောင့် Netizens ရဲ့ Post ကို Like လုပ်ခဲ့တာဟာ Son Ye Jin အနေနဲ့ သပ်သပ်စတာ မဟုတ်ဘဲ သူမတို့နှစ်ယောက်တွဲနေတဲ့အကြောင်း အစောကြီးကတည်းက သဲလွန်စပေးထားခဲ့တ်ာလို့ ဆိုရမှာ ဖြစ်ပါတယ်။
Ref: Koreaboo
You cannot copy content of this page