– – – Suzy, Teayeon တို့ အပါအဝင် Idol တော်တော်များများ ကိုယ်တိုင် ဝန်ခံထားခဲ့ကြတာပါ။
သူကတော့ တခြားသူမဟုတ်ပါဘူး။ နာမည်ကျော်ကိုရီးယားမင်းသား Kang Dong Won ပဲ ဖြစ်ပါတယ်။ Kang Dong Won ကို အမျိုးသမီးအနုပညာရှင်တော်တော်များများက သူတို့ရဲ့ Ideal Type အဖြစ် ရွေးချယ်ခဲ့ကြတာပါ။
Suzy
Kang Dong Won ဟာ သူမရဲ့အကြိုက်ပုံစဆိုတာ Suzy ဟာ အမြဲလိုလို ဖွင့်ချပြလေ့ရှိပါတယ်။ Suzy ဟာ Kang Don Won ကြောင့် Jeon Woo Chi ဇာတ်လမ်းတွဲကို ကို (၇) ကြိမ်အထိ ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
HYOLYN
ပွဲထွက်ပြီးတဲ့အချိန်ကစလို့ Kang Don Won ဟာ သူမရဲ့ အကြိုက်ပုံစံပါဆိုပြီး HYOLYNက ပြောလေ့ရှိပါတယ်။
Taeyeon
Taeyeon ဟာလည်း Kang Dong Won ရဲ့ အမာခံပရိသတ်ဆိုပြီး လူသိများပါတယ်။ My Brilliant Life မှာ Cameo အဖြစ် ပါဝင်ခဲ့စဉ်က Taeyeon က Kang Don Won နဲ့ ဆုံခွင့်ရခဲ့ပါတယ်။
Seulgi
Suelgi ကလည်း သူဟာ Kang Dong Won ရဲ့ ပရိသတ်ဖြစ်ပြီး Kundo ကို ကြည့်မိရာမှာ ကြိုက်နှစ်သက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် Park So Dam, Shim Eun Kyung, Jun Hyoseong နဲ့ Rainbow’s Jisook တို့လကည်း သူတို့ရဲ့ Ideal Type ဟာ Kang Dong Won ဆိုပြီး ဝန်ခံထားခဲ့တာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *