K pop

■ Taeyang & G-Dragon တို့ရဲ့ MV မှာပါဝင်ဖူးတဲ့ ကောင်မလေးတစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်

— K-pop Artist တစ်ဦးဖြစ်တဲ့ DALsooobin ဟာ Big Bang အဖွဲ့ဝင်တွေဖြစ်တဲ့ Taeyang & G-Dragon တို့ရဲ့ MV မှာပါဝင်ဖူးတဲ့ သူမရဲ့အတွေ့အကြုံကို ဖောက်သည်ချခဲ့ပါတယ်။

နိုဝင်ဘာလ 24 ရက်နေ့က K-pop Artist တစ်ဦးဖြစ်တဲ့ DALsooobin ဟာ MBC every1’s talk show ‘Video Star’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီမှာ Taeyang & G-Dragon တို့ရဲ့ MV မှာပါဝင်ဖူးတဲ့ သူမရဲ့အတွေ့အကြုံကို ဖောက်သည်ချခဲ့တာပါ။

DALsooobin က “ အလယ်တန်းကျောင်းသူဘဝကအချိန်ကို ပြန်သွားရမယ်ဆိုရင် Taeyang & G-Dragon တို့ရဲ့ MV မှာပါဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံ ကျွန်မမှာရှိပါတယ်။ အဲဒီ MV က ‘I Need a Girl’ ဖြစ်ပါတယ်။

ကျွန်မဟာ အဲဒီတုန်းက MV ရိုက်ရမယ့်နေ့ကို သိပါတယ်။ ဒါပေမဲ့ Taeyang & G-Dragon တို့ရဲ့ MV လို့တော့ မသိခဲ့ပါဘူး။ ကျွန်မအနေနဲ့ အချို့ Scene တွေကိုရိုက်ကူးပြီးလို့ ခဏနားပြီး ကုလားထိုင်ခုံ ပေါ်မှာ ရှိတဲ့အချိန် ဒီလူတစ်ဦးက ကျွန်မဆီ လမ်းလျှောက်လာခဲ့ပါတယ်။

သူ့ရဲ့အနောက်မှာ အချို့စွမ်းအင်တွေရှိတယ်လို့တောင်ခံစားခဲ့ရပါတယ်။ တကယ် သူဟာ အလွန် တောက်ပနေခဲ့တာပါ။ သူကတော့ Taeyang ပဲဖြစ်ပါတယ်။ နောက်ပြီး ကျွန်မကိုလည်း လူကြီးလူ ကောင်းဆန်တဲ့အမူအရာပြသခဲ့ပြီး အဲဒီအတွက်အကြောင့် MV ရိုက်ကူးရတာ ကျွန်မ သက်သောင့် သက်သာဖြစ်ခဲ့ပါတယ်။

နောက်တော့ Scene တစ်ခုရိုက် အဆင်သင့်ဖြစ်တဲ့အချိန်မှာ G-Dragon က ကျွန်မကို ပြောခဲ့ပါတယ်။ ‘ ငါ့ထက် အရပ်ရှည်လို့ မစိုးရိမ်ပါနဲ့။ ငါ့ဘေးနားမှာပဲ ရပ်နေပါ’ လို့ပြောခဲ့တာပါ။ G-Dragon ရဲ့ အဲဒီစ ကားကိုကြားပြီးတဲ့အခါ နောက်တော့ ကျွန်မ မျက်နှာမှာ ပြစ်မျိုးမှဲ့မထင်အောင် သွားလုပ်တော့ပါပဲ” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page