K pop
■ ဒီအချက်ကြောင့် BLACKPINK အဖွဲ့ဝင်တွေက Jisoo နဲ့ အရက် တွဲမသောက်ပါဘူးတဲ့
-UNICODE
– – -အရက်သောက်ရင် Jisoo ရဲ့ ထူးခြားတဲ့ အကျင့်လေးတစ်ခုကြောင့်…
BLACKPINK အဖွဲ့ဟာ တလောတုန်းက 2021 Season’s Greetings ကို ပြုလုပ်ခဲ့ကာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ ပရိသတ်တွေက Jisoo ကို ခရစ္စမတ်နေ့ကို ဘယ်လိုဖြတ်သန်းခဲ့သလဲလို့ မေးခဲ့ကြပါတယ်။ Jisoo က သူမအနေနဲ့ Harry Potter စီးရီးကိုကြည့်ပြီး ဖြတ်သန်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဝိုင်သောက်ပြီး အောင်ပွဲမခံဘူးလားလို့လည်း ပရိသတ်တွေက Jisoo က မေးခဲ့ပါတယ်။ ဒီအခါမှာတော့ Jisoo က အရက်သောက်ရင် သူမရဲ့ ထူးခြားတဲ့အကျင့်တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါကတော့ Jisoo နေနဲ့ တစ်ငုံလောက် သောက်လိုက်ရင်ပဲ တန်းအိပ်ပျော်သွားတာ ဖြစ်ပါတယ်။
ဒါကြောင့် BLACKPINK အဖွဲ့ဝင်တွေက သူမရဲ့ အတူတူ မသောက်ချင်ကြဘူးလို့လည်း Jisooက ဆိုခဲ့ပါတယ်။ “ကျွန်မက တစ်ငုံလောက်သောက်လိုက်ရင်ကို အိပ်ပျော်သွားရော။ အဖွဲ့ဝင်တွေက ကောင်းနေတဲ့အချိန် ကျွန်မကတော့ မြန်မြန်ပဲ အိပ်ပျော်သွားတတ်တယ်”လို့ Jisoo က ဖွင့်ဟခဲ့ပါတယ်။
အရက်သောက်တဲ့အခါ Jisoo ရဲ့ ထူးခြားချက်လေးက ချစ်စဖွယ်ကောင်းပြီး Jisoo လို တစ်ခွက်သောက်ပြီးတန်း အိပ်ပျော်သွားကြသူတွေလည်း ရှိကြမယ် ထင်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page