K pop

■ Disband ဖြစ်မှာလား…စာချုပ်သက်တမ်း တိုးမှာလား..MAMAMOO ရဲ့လားရာက ဘယ်လဲ

-UNICODE

– — MAMAMOO ရဲ့ စာချုပ်က ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်အထိ စာချုပ်သစ်နဲ့ ပတ်သက်တဲ့….

MAMAMOO နဲ့ RBW တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ အခုတစ်ပတ်အတွင်း ကုန်ဆုံးတော့မယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

MAMAMOO ဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့မှာ Mr. Ambigious နဲ့ တရားဝင် ပွဲထွက်ခဲ့တာပါ။ ဒါပေမဲ့ ပွဲမထွက်ခင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့မှာ MAMAMOO ဟာ Bumkey နဲ့အတူ Don’t Be Happy သီချင်းကို Collab လုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် နောက်ထပ် Collab နှစ်ခုကိုလည်း ထပ်လုပ်ခဲ့ပါသေးတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ MAMAMOO ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ရက်ကို ပထမဆုံး လှုပ်ရှားမှုပြုလုပ်တဲ့ ဇန်နဝါရီ (၈) ရက်နေ့လို့ မှတ်ယူထားကြပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ MAMAMOO ဘက်ကရော၊ RBW ဘက်ကပါ စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဘာမှ ရေရေရာရာပြောဆိုထားခြင်း မရှိသေးပါဘူး။ MAMAMOO ရဲ့ အမာခံပရိသတ် MooMoos တွေကတော့ RBW ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းပုံကြောင့် အခုထက်ပိုကောင်းတဲ့ အေဂျင်စီကို ပြောင်းရွှေ့စေချင်နေကြပါတယ်။

တခြားတစ်ဖက်ကကြည့်ရင်လည်း MAMAMOO အဖွဲ့ဝင် (၄) ယောက်စလုံးဟာ ဒီနှစ်အတွင်းသက်ဆိုင်ရာ Solo လမ်းကြောင်းတွေကို အောင်မြင်စွာ လျှောက်လှမ်းထားနိုင်တာ တွေ့ရပါတယ်။ K-pop Idol တွေဟာ Solo လမ်းကြောင်း အလွန်အောင်မြင်လာရင် အဖွဲ့လိုက်သွားဖို့ အခွင့်အရေး နည်းပါးသွားတာက MAMAMOO အတွက်တော့ စိုးရိမ်စရာ အချက်ပဲ ဖြစ်ပါတယ်။

RBW အေဂျင်စ်ရဲ့ CEO Kim Do Hoon ကတော့ အဖွဲ့ဝင်တွေရဲ့ ဆန္ဒကို ဦးစားပေးမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ MAMAMOO ဟာ ဇန်နဝါရီ (၈) ရက်နေ့နောက်ပိုင်းမှာလည်း ဆုပေးပွဲ တက်ဖို့ရှိနေတာ၊ သီချင်းထုတ်ဝေမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာတွေ ရှိနေပြန်ပါတယ်။

ဒီကြားထဲ Big Hit ဟာ RBW ကို လက်လွှဲယူမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ထားပြီး ဒီလိုဆိုရင် MAMAMOO ရဲ့ အနာဂတ်က စိတ်လှုပ်ရှားစရာကောင်းမှာ ဖြစ်ပါတယ်။ MAMAMOO အဖွဲ့ခေါင်းဆောင် Solar ကတော့ သူမတို့အဖွဲ့ဝင်တွေအနေနဲ့ အတူတူ ရှိချင်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် MAMAMOO ရဲ့ အနာဂတ်က စိတ်ဝင်စားစရာကောင်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ Disband ျဖစ္မွာလား…စာခ်ဳပ္သက္တမ္း တိုးမွာလား..MAMAMOO ရဲ႕လားရာက ဘယ္လဲ

– — MAMAMOO ရဲ႕ စာခ်ဳပ္က ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အခုအခ်ိန္အထိ စာခ်ဳပ္သစ္နဲ႔ ပတ္သက္တဲ့….

MAMAMOO နဲ႔ RBW တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ အခုတစ္ပတ္အတြင္း ကုန္ဆုံးေတာ့မယ္လို႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။

MAMAMOO ဟာ ၂၀၁၄ ခုႏွစ္၊ ဇြန္လ (၁၈) ရက္ေန႔မွာ Mr. Ambigious နဲ႔ တရားဝင္ ပြဲထြက္ခဲ့တာပါ။ ဒါေပမဲ့ ပြဲမထြက္ခင္ ၂၀၁၄ ခုႏွစ္၊ ဇန္နဝါရီ (၈) ရက္ေန႔မွာ MAMAMOO ဟာ Bumkey နဲ႔အတူ Don’t Be Happy သီခ်င္းကို Collab လုပ္ခဲ့ပါေသးတယ္။

ဒါ့အျပင္ ေနာက္ထပ္ Collab ႏွစ္ခုကိုလည္း ထပ္လုပ္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ ပရိသတ္ေတြကေတာ့ MAMAMOO ရဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတဲ့ရက္ကို ပထမဆုံး လႈပ္ရွားမႈျပဳလုပ္တဲ့ ဇန္နဝါရီ (၈) ရက္ေန႔လို႔ မွတ္ယူထားၾကပါတယ္။

ဒါေပမဲ့ လက္ရွိအခ်ိန္အထိ MAMAMOO ဘက္ကေရာ၊ RBW ဘက္ကပါ စာခ်ဳပ္သစ္နဲ႔ ပတ္သက္ၿပီး ဘာမွ ေရေရရာရာေျပာဆိုထားျခင္း မရွိေသးပါဘူး။ MAMAMOO ရဲ႕ အမာခံပရိသတ္ MooMoos ေတြကေတာ့ RBW ရဲ႕ ကိုင္တြယ္မႈ ညံ့ဖ်င္းပုံေၾကာင့္ အခုထက္ပိုေကာင္းတဲ့ ေအဂ်င္စီကို ေျပာင္းေ႐ႊ႕ေစခ်င္ေနၾကပါတယ္။

တျခားတစ္ဖက္ကၾကည့္ရင္လည္း MAMAMOO အဖြဲ႕ဝင္ (၄) ေယာက္စလုံးဟာ ဒီႏွစ္အတြင္းသက္ဆိုင္ရာ Solo လမ္းေၾကာင္းေတြကို ေအာင္ျမင္စြာ ေလွ်ာက္လွမ္းထားႏိုင္တာ ေတြ႕ရပါတယ္။ K-pop Idol ေတြဟာ Solo လမ္းေၾကာင္း အလြန္ေအာင္ျမင္လာရင္ အဖြဲ႕လိုက္သြားဖို႔ အခြင့္အေရး နည္းပါးသြားတာက MAMAMOO အတြက္ေတာ့ စိုးရိမ္စရာ အခ်က္ပဲ ျဖစ္ပါတယ္။

RBW ေအဂ်င္စ္ရဲ႕ CEO Kim Do Hoon ကေတာ့ အဖြဲ႕ဝင္ေတြရဲ႕ ဆႏၵကို ဦးစားေပးမယ္လို႔ ဆိုထားပါတယ္။ ဒါေပမဲ့ MAMAMOO ဟာ ဇန္နဝါရီ (၈) ရက္ေန႔ေနာက္ပိုင္းမွာလည္း ဆုေပးပြဲ တက္ဖို႔ရွိေနတာ၊ သီခ်င္းထုတ္ေဝမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ထားတာေတြ ရွိေနျပန္ပါတယ္။

ဒီၾကားထဲ Big Hit ဟာ RBW ကို လက္လႊဲယူမယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚထားၿပီး ဒီလိုဆိုရင္ MAMAMOO ရဲ႕ အနာဂတ္က စိတ္လႈပ္ရွားစရာေကာင္းမွာ ျဖစ္ပါတယ္။ MAMAMOO အဖြဲ႕ေခါင္းေဆာင္ Solar ကေတာ့ သူမတို႔အဖြဲ႕ဝင္ေတြအေနနဲ႔ အတူတူ ရွိခ်င္ေၾကာင္း ဆိုထားပါတယ္။

ဒါေၾကာင့္ MAMAMOO ရဲ႕ အနာဂတ္က စိတ္ဝင္စားစရာေကာင္းၿပီး ဘာေတြဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page