-UNICODE
– – – သူတို့တွေဟာ နာမည်ကျော် ထိပ်သီးအဖွဲ့တွေနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သူတွေဖြစ်ပြီး…..
K-pop နယ်ပယ်မှာ နာမည်ကျော်အဖွဲ့တွေနဲ့ ပွဲထွက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားခဲ့ရတဲ့ Idol များစွာ ရှိပါတယ်။ သူတို့အထဲကမှ BIGBANG, EXO, BLACKPINK တို့နဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သူတွေကို ဖော်ပြပေးလိုက်ရပါတယ်။
Hyunseung
မူလက YG ဟာ BIGBANG ကို အဖွဲ့ဝင် (၆) ယောက်နဲ့ ပွဲထွက်ဖို့ စီစဉ်ထားခဲ့တာပါ။ အဲဒီအတိုင်းသာဆိုရင် Hyunseung က BIGBANG အဖွဲ့ဝင်ဖြစ်လာမှာပါ။ ဒါပေမဲ့ Hyunseung ဟာ အဖွဲ့ကနေ ပယ်ထုတ်ခြင်းခံလိုက်ရပါတယ်။ Hyunseung အနေနဲ့ facial expression တိုးတက်မှု မရှိတာကြောင် ဖယ်ထုတ်ခဲ့ရတာလို့ Yang Hyun Suk က Big Bang documentary မှာ ဖွင့်ဟခဲ့ပါတယ်။
Miyeon
Miyeon ကလည်း BLACKPINK အဖွဲ့နဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ Miyeon ဟာ တိတိကျကျမသိရတဲ့ အကြောင်းအရာတွေနဲ့ အဖွဲ့ကနေ ပယ်ထုတ်ခြင်း ခံခဲ့ရပြီး YG ကနေ ထွက်ခွာသွားခဲ့ပါတယ်။ Miyeon ထွက်သွားတဲ့ အခြေအနေက မရှင်းလင်းဘဲ တချို့ကလည်း Jung Jinhyung နဲ့ Dating သတင်းတွေကြောင့်လို့ ဆိုခဲ့ကြပါတယ်။ အဲဒီနောက် Miyeon ဟာ ဂီတလောကနေ ခဏအနားယူခဲ့နောက် Cube Entertainment ကို ရောက်ရှိကာ (G)I-DLE အဖွဲ့နဲ့ ပွဲထွက်နိုင်ခဲ့ပါတယ်။
Jinho (PENTAGON)
PENTAGON အဖွဲ့ဝင် Jinho ကလည်း SM မှာ သင်တန်းသားဖြစ်ခဲ့ဖူးတာပါ။ Jinho ဟာ ၂၀၀၈ ခုနှစ်မှာ ကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် SM ကို ရောက်ရှိလာတာပါ။ သူဟာ SM ရဲ့ လူသိများတဲ့ သင်တန်းသားတစ်ယောက် ဖြစ်ပြီး EXO ရဲ့ (၁၃) ယောက်မြောက် အဖွဲ့ဝင်ဖြစ်လာဖို့လည်း ရှိခဲ့တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် EXO အဖွဲ့ ပွဲထွက်တော့ Jinho ပါမလာခဲ့ပါဘူး။ အဲဒီနောက် Jinho ဟာ SM ကနေ ထွက်ခွာကာ Cube ကို ပြောင်းရွှေ့ခဲ့ပြီး Pentagon နဲ့ ပွဲထွက်နိုင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ BIGBANG, EXO, BLACKPINK တို့နဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့တဲ့ K-pop Idol များ
Hyunseung
Miyeon
Jinho (PENTAGON)
Ref: Koreaboo