K pop
■ Lisa ရဲ့သားသမီးတွေထဲ Jisoo အချစ်ဆုံးက ဘယ်သူလဲ
-UNICODE
– – -ဒါက အရင်ကတည်းက Jisoo ချစ်တဲ့ သားပေါက်လေးဖြစ်ပြီး….
BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Lisa နဲ့ Jisoo တို့ဟာ တလောကတုန်းက Live လွှင့်ခဲ့ရာမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ပြောဆိုခဲ့ပါတယ်။
အဲဒီမှာ သူတို့နှစ်ယောက်ဟာ BLINKS တွေ မေးသမျှကို ပြန်လည်ဖြေကြားခဲ့ပြီး Lisa ရဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးတွေအကြောင်းကို ပြောကြားခဲ့ပါတယ်။ Jisoo ဟာ ခွေးလေး မွေးထားသူဖြစ်ပေမဲ့ Lisa ရဲ့ကြောင်လေးတွေကိုလည်း ချစ်ခင်သူပါ။
အဲဒီနောက် Lisa က သူ့ရဲ့ကြောင်လေးတွေထဲက ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးခဲ့ရာမှာတော့ တစ်ကောင်တည်းကို ရွေးချယ်ဖို့ မဖြစ်နိုင်ကြောင်း Jisoo က ဆိုခဲ့ပါတယ်။ “ဘယ်လိုလုပ် တစ်ကောင်တည်းကိုပဲ ရွေးလို့ရမှာလဲ။ အဲလိုအရာမျိုးတွေ မရွေးတတ်ဘူး။ နောက်ပြီး ဒါက အပြုအမူကောင်းလည်း မဟုတ်ဘူးလေ”လို့ Jisoo က ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် Jisoo က တစ်ကောင်တည်းကို ရွေးချယ်လိုက်ရင် ကြောင်လေးတွေက သူ့ကိုစိတ်ကွပ်သွားနိုင်ကြောင်း အရွှန်းဖောက်ခဲ့ပါသေးတယ်။ Jisoo က “ညကျရင် သူတို့က ငါ့ကိုအတင်းတုပ်ကြလိမ့်မယ်။ သူတို့ကနားလည်တယ်လေ”လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အနည်းငယ်ကြာပြီးနောက် Jisoo က သူအနေနဲ့ Leo ကိုချစ်ခင်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ Leo ဟာ Lisa ရဲ့ကြောင်တွေထဲ အကြီးဆုံးဖြစ်ပြီး စကော့တလန်အမျိုးအစားဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက အတူရှိနေခဲ့တာပါ။
အရင်ကလည်း Jisoo ဟာ Leo အပေါ်ချစ်ခြင်ကြောင်းတွေ ပြသထားခဲ့တာကို တွေ့ရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page