-UNICODE
– — ဒီမင်းသားတွေဟာ Song Hye Kyo နဲ့ လိုက်ဖက်မယ်လို့ Netizens တွေက တွေးထင်ထားကြပြီး…..
Song Hye Kyo နဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာမ Kim Eun Sook တို့က DOTS ပြီးနောက် ဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပြန်ဆုံတော့မှာပါ။ Song Hye Kyo ရဲ့ ဇာတ်လမ်းတွဲသစ်မှာ ပရိသတ်တွေကတော့ သူမနဲ့အတူ တွဲဖက်မြင်လိုတဲ့ မင်းသားတွေကို ဆန္ဒပြုခဲ့ကြပါတယ်။
Kim Woo Bin
Netizens တွေဟာ Kim Woo Bin ကို ဇာတ်လမ်းတွဲတွေမှာ ပြန်မြင်လိုနေကြပါတယ်။ Kim Woo Bin ဟာ ကျန်းမာရေးကြောင့် Uncontrollably Fond ပြီးကတည်းက ဇာတ်လမ်းတွဲတွေနဲ့ ဝေးကွာနေတာပါ။ Netizens တွေကတော့ Song Hye Kyo နဲ့ Kim Woo Bin တို့နှစ်ယောက်ကို တွဲဖက်မြင်လိုနေကြပါတယ်။
Gong Yoo
Gong Yoo နဲ့ Song Hye Kyo တို့ အတွဲအဖက်ကိုလည်း Netizens တွေ မြင်လိုနေကြပါတယ်။ Gong Yoo ဟာ The Sea of Tranquility ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ထားတဲ့တိုင် Netizens ကတော့ သူ့ကို Song Hye Kyo ရဲ့ ဇာတ်လမ်းတွဲသစ်မှာ မြင်တွေ့လိုနေပါတယ်။ Gong Yoo ဟာ ဇာတ်ညွှန်းဆရာမ Kim Eun Sook နဲ့ Goblin မှာ လက်တွဲဖူးတာကြောင့် သူ့ကို တွေ့မြင်ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
Lee Jong Suk
မကြာခင်ကမှ စစ်မှုတာဝန် ပြီးဆုံးသွားခဲ့တဲ့ Lee Jong Suk ကိုလည်း ပရိသတ်တွေက ဇာတ်လမ်းတွဲသစ်မှာ တွေ့မြင်လိုနေပါတယ်။ Lee Jong Suk နဲ့ Song Hye Kyo တို့ဟာ အသက် (၈) နှစ် ကွာဟပေမဲ့ သူတို့နှစ်ယောက် လိုက်ဖက်မယ်လို့ ပရိသတ်တွေက တွေးထင်နေကြပါတယ်။
So Ji Sub
Song Hye Kyo ရဲ့ ဇာတ်လမ်းတွဲသစ်မှာ So Ji Sub ကိုလည်း ပရိသတ်တွေက တွေ့မြင်လိုနေကြပါတယ်။ So Ji Sub နဲ့ Song Hye Kyo တို့နှစ်ယောက်ဟာ လိုက်ဖက်မှာလည်း အထူးပြောစရာ မလိုပါဘူး။ ဒါပေမဲ့ So Ji Sub ဟာ မကြာခင်ကမှ လက်ထပ်ထားတဲ့အတွက် ရိုမန့်ဖာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ စိတ်ဝင်စားလောက်မှာ မဟုတ်ဘူးလို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ Song Hye Kyo ရဲ့ ဇာတ်လမ်းတွဲသစ်မှာ Netizens တွေ့မြင်လိုနေတဲ့ ထိပ်တန်းမင်းသား (၄) ဦး
Kim Woo Bin
Gong Yoo
Lee Jong Suk
So Ji Sub
Ref: Koreaboo