K pop
■ ၂၀၂၀ ခုနှစ်အတွင်း အတိုးတက်ဆုံး K-pop စတားကို Eric Nam ရွေးချယ်
-UNICODE
– – – Eric Nam က ဒီနှစ်အတွင်း အတိုးတက်ဆုံး K-pop စတားကို ရွေးချယ်ခဲ့တာဖြစ်ပြီး…..
DIVE Studios ရဲ့ ‘K-Pop Daebak with Eric Nam’ အစီအစဉ်မှာ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ Eric Nam က နာမည်ကျော် K-pop Idol တွေကို ဖိတ်ခေါ်ပြီး K-pop နပယ်ပယ်ထဲက အကြောင်းအရာတွေကို မျှဝေလေ့ရှိပါတယ်။ တလောက ထုတ်လွှင့်ခဲ့တဲ့ အပိုင်း (၉၃) မှာတော့ Eric Nam ဟာ သူ့ရဲ့ညီဖြစ်သူ Eddie Nam နဲ့အတူ ၂၀၂၀ ခုနှစ်အတွင်း K-pop နယ်ပယ်မှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်သုံးသပ်ခဲ့ပါတယ်။
အဲဒီမှာ Eddie Nam က Eric Nam ကို “၂၀၂၀ ခုနှစ်အတွင်း အတိုးတက်ဆုံး K-pop စတားဟာ ဘယ်သူလို့ ထင်သလဲ၊ ဘာကြောင့်လဲ”လို့ မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ Eric Nam က Jessi ကို ရွေးချယ်သွားခဲ့ပါတယ်။
Jessi ကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း Eric Nam က ရှင်းပြသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ Jessi ဟာ အလွန်ကြိုးပမ်းခဲ့ပြီး စန်းလည်းထခဲ့ကြောင်း Eric Nam က ဆိုခဲ့တာပါ။
“Jessi က အမြဲတမ်း ကြိုးပမ်းနေသူပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ Jessi က စန်းလည်းထခဲ့တယ်။ TV အစီအစဉ်တွေ၊ တခြားနည်းလမ်းပေါင်းစုံမှာ Jessi ဟာ ကြိုးပမ်းခဲ့တယ်။ အရာအားလုံးကလည်း ချိန်သားကိုက် ဖြစ်သွားခဲ့တာပါ။ သူမကို အခုလို မြင်ရတာ ငါတော့ပျော်တယ်”လို့ Eric Nam က ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page