K pop

■ SHINee ရဲ့ Comeabck နဲ့ ပတ်သက်ပြီး SM ရဲ့ တုံ့ပြန်ချက်

— SHINee ရဲ့ Comeback နဲ့ပတ်သက်ပြီး SM Entertainment က ဘယ်လိုတုံ့ပြန်ထားသလဲဆို တာ…

SM Entertainment ဟာ သူတို့ကျင်းပခဲ့တဲ့ Free Online Concert မှာ SHINee Comeback လုပ် မယ်လို့ ကြေညာခဲ့လို့ ပရိသတ်တွေပျော်ရွှင်ခဲ့ကြပါတယ်။

ဇန်နဝါရီလ 6 ရက်နေ့က SportsToday က SHINee အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလမှာ Comeback လုပ်ဖို့ရှိပြီး SMTOWN ရဲ့ Online Concert မှာ အရင်ကြော်ငြာခဲ့တာလို့ သတင်းဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး SM Entertainment တုံ့ပြန်ပြီး အခုလို ကြေညာခဲ့ပါတယ်။

SM Entertainment ကိုယ်စားလှယ်တစ်ဦးက “ SHINee အဖွဲ့ဟာ Album အသစ်အတွင် ပြင်ဆင် နေတာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း Album အသစ်ထွက်မယ့် အသေးစိတ်အတိအကျကို မဆုံး ဖြတ်ရသေးပါဘူး။ သေချာပြီဆိုတာနဲ့ ကျွန်တော်တို့ ထုတ်ပြန်မှာဖြစ်ပါတယ်” လို့ ကြေညာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ Comeback လုပ်တော့မယ့် SHINee အဖွဲ့ဟာ (၃)နှစ်အတွင်း ပထမဆုံး အဖွဲ့လိုက် Comeback လုပ်မှာမို့လို့ ပရိသတ်တွေကတော့ ကြိုတင်ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

-m2t

Ref: Soompi

You cannot copy content of this page