K pop

■ စစ်မှုမထမ်းခင် သီချင်းနဲ့ နှုတ်ဆက်သွားမယ့် L

—- L တစ်ယောက် စစ်မှုမထမ်းခင်မှာ သူချစ်တဲ့ ပရိသတ်တွေကို သီချင်းနဲ့ နှုတ်ဆက်သွားချင်နေ တာပါ…

INFINITE အဖွဲ့ဝင် L (သို့) မင်းသား Kim Myung Soo ဟာ စစ်မှုတာဝန်မထမ်းဆောင်ခင်မှာ သီချင်း တစ်ပုဒ် ပရိသတ်တွေကို ချန်ထားခဲ့ချင်တာဖြစ်ပါတယ်။ L ရဲ့ အေဂျင်စီ ဖြစ်တဲ့ Management Lee Sang က ဇန်နဝါရီလ 6 ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့တာပါ။

L ဟာ သူ့ရဲ့ ပထဆုံး Solo Single တစ်ပုဒ်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။ အေဂျင်စီ Management Lee Sang က “ Kim Myung Soo ဟာ ဖေဖော်ဝါရီလ အစောပိုင်းလောက်မှာ သူ့ရဲ့ ပထမဆုံး Solo သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ပြီးရင်တော့ ဖေဖော်ဝါရီလအကုန်ပိုင်းလောက်မှာ သူဟာ ရေတပ်မှာ စစ်မှုတာဝန်ကို စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့ လာမယ့် Solo သီချင်းဟာ စစ်မှုတာဝန်မထမ်းဆောင်ခင် ပရိသတ်တွေကို ပေးခဲ့တဲ့ လက်ဆောင်ဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါ တယ်။

L ဟာ INFINITE အဖွဲ့ဝင်အဖြစ် Debut လုပ်ပြီး 11 နှစ်ကြာပြီးနောက် ပထမဆုံးပြုလုပ်တဲ့ Solo သီချင်းတစ်ပုဒ်လည်းဖြစ်သလို ဖေဖော်ဝါရီလအကုန်လောက်မှာ စစ်မှုတာဝန်ကို စတင်ထမ်းဆောင် တော့မှာလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page