Celebrity

■ Comedy/Action စီးရီး ‘Hero’ နဲ့ Comeback လုပ်ဖို့ ဆွေးနွေးနေတဲ့ Lee Kwang Soo

—- Running Man အဖွဲ့ဝင် Lee Kwang Soo ဟာ Comedy/Action စီးရီး ‘Hero’ နဲ့ Comeback လုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ 6 ရက်နေ့က Ilgan Sports ရဲ့ ဖော်ပြချက်အရ Lee Kwang Soo ဟာ Comedy/Action စီးရီး ‘Hero’ မှာ အဓိကမင်းသားနေရာကနေ သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို ခံထားရပြီး ဆွေးနွေးနေ တယ်လို့ သိရပါတယ်။

Lee Kwang Soo ရဲ့ အေဂျင်စီ King Kong by Starship ကလည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ King Kong by Starship က Lee Kwang Soo ဟာ ကမ်းလှမ်းမှုကို စဉ်းစားနေပြီး လက်ခံဖို့ အလား အလာရှိပါတယ်လို့ ဖော်ပြခဲ့ပါတယ်။

‘Hero’ စီးရီးထဲမှာ Lee Kwang Soo ဟာ Oh Gyu Tae အနေနဲ့ တရားစွဲခြင်းတရားလိုဘက် ဇာတ်ရုပ် နေရာမှာသရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ‘Hero’ စီးရီးကို Scriptwriter Park Hee Kang က က ရေး သားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Lee Kwang Soo ရဲ့ ပိုက်ဆံချေးထားတာတောင် ရည်း စားရတဲ့ အဖြစ်မျိုး စီးရီးဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့တင် စီးရီးကို မျှော်လင့်နေပြီဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page