— မင်းသမီးအနေနဲ့ပဲ လှုပ်ရှားမှုတွေလုပ်နေတဲ့ Suzy တစ်ယောက် အဆိုတော်အနေနဲ့ Comeback လုပ်ဖို့ စီစဉ်နေသလားဆိုတဲ့ မေးခွန်းဟာ…
နိုဝင်ဘာလ 24 ရက်နေ့က URBAN ZAKAPA ရဲ့ Ballad Singer တစ်ဦးဖြစ်တဲ့ Jo Hyun Ah ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Suzy ရဲ့ ပုံရိပ်တွေကို သူမရဲ့ Instagram မှာ အတွဲလိုက်တင်ခဲ့ပါ တယ်။
ဓါတ်ပုံတွေထဲမှာတော့ Suzy ဟာ သက်သောင့်သက်သာဖြစ်တဲ့ ခေါင်းစွပ်အနွေးထည်အကျီၤကို ဝတ် ဆင်ထားပြီး လျှပ်စစ်ဂစ်တာကို ကိုင်ထားသလို မိုက်ခရိုဖုန်းကလည်း သူမအရှေ့မှာရှိနေတာဖြစ်ပါ တယ်။
Suzy ဟာ ဘာမှလိမ်းကျန်ထားခြင်းမရှိဘူးပေမယ့် လှပနေဆဲဖြစ်ပြီး သဘာဝအလှတရားကိုပိုင်ဆိုင် ထားတဲ့ မင်းသမီးဆိုတာ ပရိသတ်တွေကို ထပ်မံသက်သေပြခဲ့တာပါ။ နောက်ပြီး Ballad Singer တစ်ဦးဖြစ်တဲ့ Jo Hyun Ah ဟာ Caption မှာလည်း “ တစ်စုံတစ်ခုကို အလုပ်လုပ်နေတာပေါ့။ ငါတို့ရဲ့ Suzy ကတော့ လှနေတာပဲ” လို့လည်း ရေးသားခဲ့ပါတယ်။
“ တစ်စုံတစ်ခုကို အလုပ်လုပ်နေတာပေါ့” ဆိုတဲ့ စာသားဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားစေပြီး Suzy အနေနဲ့ အဆိုတော်အဖြစ် Comback လုပ်ဖို့ပြင်ဆင်နေတယ်လို့ ယူဆခဲ့ကြသလို ပျော်လည်း ပျော်ရွှင်နေကြပါတယ်။
-m2t
Ref: SBSstar