K pop

■ ဒီလကုန်မှာ JYP Entertainment လမ်းခွဲမယ်လို့ သတင်းထွက်နေတဲ့ GOT7 အဖွဲ့ဝင်တစ်ဦး

— – – သူဟာ JYP Entertainment နဲ့ လမ်းခွဲပြီး AOMG ကို ပြောင်းမယ်လို့ … AOMG က …

ဒီလကုန်မှာ JYP Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် GOT7 အဖွဲ့ဝင်တစ်ဦးဟာ JYP Entertainment နဲ့ လမ်းခွဲပြီး AOMG ကို ပြောင်းမယ်လို့ ကိုရီးယားသတင်းဌာန SPOTV က ဖော်ပြခဲ့ပါတယ်။

သူကတော့ GOT7 အဖွဲ့ဝင် Yugyeom ဖြစ်ပါတယ်။ Yugyeom သာမက GOT7 အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ (၃၁)ရက်မှာ JYP Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူတို့ကို စာချုပ်သစ် ထပ်ချုပ်ဖို့ JYP Entertainment က ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကိုရီးယားမီဒီယာတွေ ဖော်ပြမှုအရ Yugyeom ဟာ ဒီလကုန်မှာ JYP Entertainment နဲ့ လမ်းခွဲပြီး နာမည်ကျော် Rapper တစ်ဦးဖြစ်တဲ့ Jay Park ရဲ့ AOMG ကို ပြောင်းမယ်လို့ သိရပါတယ်။

GOT7 အဖွဲ့မှာ Yugyeom အပြင် Jinyoung ဟာလည်း ဒီလကုန်မှာ BH Entertainment ကို ပြောင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ JYP Entertainment ကတော့ GOT7 အဖွဲ့ဝင်တွေကို စာချုပ်သစ် ထပ်ချုပ်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

— ဃဲ
Source: SPOTV

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page