K pop

■ တရုတ် Netizen တွေမဲပေးတဲ့ ‘2020 Popular Overseas Celebrities Ranking’ Male မှာ ဘယ်သူတွေ ပါခဲ့သလဲ

— တရုတ် Netizen တွေမဲပေးတဲ့ ‘2020 Popular Overseas Celebrities Ranking’ Male မှာ ဘယ်သူတွေ ပါခဲ့သလဲ…

တရုတ်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol တွေဆိုရင် ပရိသတ်တွေ သတိထားမိမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ EXO ဖြစ်ပါတယ်။ ‘2020 Popular Overseas Celebrities Ranking’ Male Top 5 စာရင်းမှာ EXO အဖွဲ့ဝင် 3 ဦးက ဦးဆောင်နိုင်ခဲ့ပါတယ်။

#1 ရရှိခဲ့တဲ့ သူကတော့ Chanyeol ဖြစ်ပြီး နံပါတ် 2မှာ Baekhyun ၊ နံပါတ် 3 မှာ Sehun တို့က ရပ်တည်ခဲ့ပါတယ်။ နံပါတ် 4 မှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိပေမယ့် အချစ်ခံနေရမြဲဖြစ်တဲ့ BIGBANG အဖွဲ့ဝင် G-Dragon ကရပ်တည်ခဲ့ပါတယ်။

BIGBANG ခေတ်တုန်းက G-Dragon ဟာ တရုတ်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ပရိသတ်အချစ်ခံရ ဆုံး Idol ဖြစ်ခဲ့တာပါ။ နံပါတ် 5မှာတော့ K-pop Idol မဟုတ်ဘဲ တရုတ် ဒရာမာရိုက်ကူးဖူးတဲ့ သရုပ် ဆောင်မင်းသားချော Lee Jong Suk က ရပ်တည်ခဲ့ပါတယ်။ Lee Jong Suk ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ စစ်မှုတာဝန်ထမ်းဆောင်မှုပြီးဆုံး ပရိသတ်တွေဆီ ပြန်လာခဲ့ပြီဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page